Trending Now

နိုင်ငံအတွင်း ပထမဆုံး ကိုဗစ်ရောဂါပိုး တွေ့ရှိကြောင်း မြောက်ကိုရီးယား အတည်ပြု

Spread the love

နိုင်ငံအတွင်း ပထမဆုံး ကိုဗစ်ရောဂါပိုး တွေ့ရှိကြောင်း မြောက်ကိုရီးယား အတည်ပြု

EPN
နိုင်ငံတကာ၊ မေ ၁၂

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ ကိုဗစ် BA.2 မျိုးကွဲအမျိုးအစားခွဲကို တွေ့ရှိပြီးနောက် အရေးပေါ်ဖြစ်အခြေအနေအဖြစ် ယမန်နေ့က ထုတ်လွင့်ခဲ့တဲ့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

“နိုင်ငံအတွင်းအကြီးမားဆုံးအရေးပေါ်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ် ပြီးခဲ့သောနှစ်နှစ်နှင့်သုံးလတာကာလ အတွင်းလုံခြုံစွာထိန်းသိမ်းထားနိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်” လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန ကကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ကမ္ဘာ့တစ်ခုတည်းသော ကာကွယ်ဆေးမထိုးရသေးတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံအတွင်း ပထမဆုံး ကိုဗစ်ရောဂါပိုး တွေ့ရှိမှုကို အတည်ပြုခဲ့ပြီးခဲ့တာပါ။

အာဏာပိုင်တွေက ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်းကို နိုင်ငံပိုင် Korean Central News Agency (KCNA) မှ တဆင့်ထုတ်ပြန်ကြေညာခဲ့ပေမယ့် အတည်ပြုလူနာအရေအတွက်ကို အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပါဘူး။

အဲ့ဒီနောက် ကိုဗစ်ဖြစ်ပွားမှုကို ထိမ်းချုပ်နိုင်ရန်အတွက် ပြုံယမ်းမြို့မှာ အမြင့်ဆုံးထိန်းချုပ်ရေး ကြိုးပမ်းမှုတွေကို ပြုလုပ်ထားကြောင်းလည်း အဏာပိုင်တွေက ထပ်လောင်းပြောကြားခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလကတည်းကနေ နယ်စပ်ဝင်ပေါက်ထွက်ပေါက်တွေကို ချိတ်ပိတ် ခဲ့တဲ့ မြောက်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ကိုဗစ် ဖြစ်ပွားမှုကို အစီရင်ခံခြင်းမပြုတဲ့ နိုင်ငံအနည်းငယ်ထဲမှ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ဗိုင်းရပ်စ်ကူးစက်မှုကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ခေါင်းဆောင် ကင်ဂျုန်အမ်းက ပြင်ပအကူအညီတွေကို လိုက်လျောညီထွေဖြစ်စွာနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံရန် ကမ်းလှမ်းချက်ကို အကြိမ်ကြိမ် ပယ်ချခဲ့ပြီး စိုးရိမ်စရာ ကျန်းမာရေးစနစ်ကြောင့် ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ရမယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက သတိပေးထားပါတယ်။

Source – Aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။