Trending Now

KIA ၏ ဖမ်းဆီးခြင်းကို ခံရသည့် ရှမ်းလူငယ် ၃ ဦး ယနေ့တိုင် မလွတ်မြောက်သေး

Spread the love

KIA ၏ ဖမ်းဆီးခြင်းကို ခံရသည့် ရှမ်းလူငယ် ၃ ဦး ယနေ့တိုင် မလွတ်မြောက်သေး

EPN
မြစ်ကြီးနား၊ မတ် ၅ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ဆုံဒေသ၊ မလိယန်ကျေးရွာအနီး KIA တပ်မဟာ(၄)၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ခတ်ချိုကျေးရွာနေ ရှမ်းလူငယ် ၃ ဦး ယနေ့တိုင် မလွတ်မြောက်သေးကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့၊ ညနေပိုင်းက မြစ်ဆုံဒေသ၊ မလိယန်ကျေးရွာအနီး ထင်းတိုက်ရန် သုံးဘီးဆိုင်ကယ်နှင့်သွားရောက်စဥ် KIA တပ်ရင်း ၄ ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ရှမ်းလူငယ် ၄ ဦးမှာ ယနေ့အထိ မလွတ်မြောက်လာသေးကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

” အဲ့ဒီလူငယ်တွေက အုတ်ဖိုအတွက် ထင်းသွားတိုက်ကြတာ။ မြစ်ဆုံအထက် မလိယန်မှာ သုံးဘီးနဲ့ ၄ ယောက်သွားတာ ။ အဲ့ဒီမှာ ၄ယောက်လုံးကို တပ်မဟာ ၄ ကဆိုပြီး ဖမ်းသွားတာ။ တစ်ယောက်ကိုက ဒဏ်ရာရှိတော့ ပြန်လွှတ်ပေးခဲ့တယ်။ အခု ကျေးရွာလူကြီးတွေနဲ့ တာဝန်ရှိသူတွေ စုံစမ်းပြီး လိုက်သွားကြတယ်။ အခုထိတော့ မလွတ်လာသေးဘူး ” ဟု ၎င်းကပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူ လူငယ် ၃ ဦးမှာ အသက် ၁၇ နှစ်အရွယ်ရှိ မောင်ဖန်းကျွန်၊ အသက် ၃၇ နှစ်အရွယ် ကိုဖု ၊ အသက် ၂၁ အရွယ် ကိုထွန်းမြင့် တို့ဖြစ်ကြောင်းသိရသည်။

အလားတူ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မိုးကောင်းမြို့နယ်မှ အမျိုးသမီးနှစ်ဦးကို KIA/ PDF အဖွဲ့မှ ဖမ်းဆီးကာ ၎င်းတို့နှင့်အတူ ပါလာသည့် ရွှေ၊ ဖုန်း၊ ကုန်စုံပစ္စည်းများကို သိမ်းဆည်းသွားသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပန်ပန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။