Trending Now

ဘရာဇီးစာသင်ကျောင်း ပစ်ခတ်မှု ၃ ဦးသေ၊ ၁၃ ဦးဒဏ်ရာရ

Spread the love

ဘရာဇီးစာသင်ကျောင်း ပစ်ခတ်မှု ၃ ဦးသေ၊ ၁၃ ဦးဒဏ်ရာရ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၆

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ စာသင်ကျောင်းနှစ်ကျောင်းမှာ မနေ့က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၃ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အဏာပိုင်တွေက ပြောပါတယ်။

ပစ်ခတ်မှုဟာ အက်စ်ပီရီတို ဆန်တိုပြည်နယ် အရာခရုဇ်မြို့က တစ်လမ်းထဲမှာရှိတဲ့ အစိုးရကျောင်း တစ်ကျောင်းနဲ့ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အော်တိုမက်တစ် ပစ်စတိုသေနတ် ကိုင်ဆောင်ထားတဲ့ လူငယ် တစ်ယောက်က ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူ့လုံခြုံရေး အတွင်းရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်အရ ပစ်ခတ်မှုအတွင်းမှာ ဆရာမနှစ်ဦးနဲ့ ကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီး သံသယရှိတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်ကိုတော့ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားပြီး လေးနာရှိအကြာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ကျောင်းနှစ်ကျောင်းကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ လူငယ်ဟာ အစိုးရစာသင်းကျောင်းက ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ပြီး ပစ်ခတ်မှုအတွင်းမှာ သူဖခင် စစ်ရဲအရာရှိဟောင်းရဲ့ သေနတ်ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
ကလေးငယ်နှစ်ဦး အပါအဝင် ဒဏ်ရာရရှိသူ ခြောက်ဦးကို သောကြာနေ့ မွန်းလွဲပိုင်အထိ ဆေးရုံမှာတင်ထားရဆဲဖြစ်တယ်လို့ အဏာပိုင်တွေက ပြောပါတယ်။

ကျောင်းဝင်းအတွင်း ပစ်ခတ်မှုတွေဟာ ဘရာဇီးနိုင်ငံမှာ မကြာခဏဖြစ်ပွားလေ့ရှိပေမယ့် မကြာသေးမီနှစ်တွေအတွင်းမှာ ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။

— ကိုးကား —
AP
Ref; Shootings at Brazil schools leave 3 dead, 13 wounded

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။