Trending Now

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရသူ ၂ သိန်း ၇ သောင်းကျော်ရှိ

Spread the love

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရသူ ၂ သိန်း ၇ သောင်းကျော်ရှိ

EPN
မြစ်ကြီနား၊ ဇူလှိုင် ၁၄

ကျန်းမာရေးဝန်ကြီးဌာန၏ ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်အကုန်ပိုင်းအချိန်အထိ လူဦးရေ ၂၇၀,၀၀၀ ကျော်ခန့်သည် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံနေရကြောင်း သိရသည်။

ရောဂါကူးစက်ခံရသူ အများစုမှာ မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများ၊ အမျိုးသားချင်းချစ်ခင်စုံမက်သူများ၊ အမျိုးသမီးလိင် လုပ်သမများနှင့် လိင်ဆက်ဆံသူများဖြစ်ပြီး အဆိုပါလူအုပ်စုများကြားတွင် တစ်နှစ်အတွင်း ရောဂါကူးစက်ခံရမှု ၅၀ ရာခိုင်နှုန်းကျော်အထိ ရှိနေကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စားရင်းများအရ ၂၀၂၁ ခုနှစ်တွင် ရောဂါကူးစက်မှုလျော့နည်းလာသော်လည်း လူပေါင်း ၁၁,၀၀၀ ခန့်အထိ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရဆဲဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ရောဂါကူးစက်မှုအသစ် ခံရမှုအနေဖြင့် ၂၀၀၀ ခုနှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ကူးစက်မှုအသစ် ၃ သောင်းနီးပါးအထိ တွေ့ရှိခဲ့ကြောင်း သိရသည်။

အိပ်ချ်အိုင်ဗွီ ပိုးကူးစက်ခံရသူ၏ ဇနီး/အမျိုးသမီးများတွင် ကူးစက်မှုများကို တွေ့ရှိလာသည့်အပြင် အိပ်ချ်အိုင်ဗွီ ပိုးရှိမိခင်များမှတဆင့် ကလေးများသို့ကူးစက်မှုများကိုလည်း တွေ့ရှိလာခဲ့သည့်အတွက် ကလေးများအနေဖြင့် ကျန်းမာရေးတွင်သာမက အခြားလူမှုရေး၊ ပညာ ရေးပိုင်းဆိုင်ရာများတွင်ပါ ထိခိုက်မှုများ ရှိလာကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၁ ခုနှစ်ကုန်အထိ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် လူနာ စုစုပေါင်း (၁၉၀,၀၀၀) ကျော်ကို အေအာတီဆေးဝါးနဲ့အခမဲ့ကုသပေးနိုင်ခဲ့ပြီး အဆိုပါလူနာများ၏ ၉၀ ရာခိုင်နှုန်း နီးပါးသည် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အေအာတီဆေးကုသဌာနများတွင် ဆေးကုသ မှုခံယူလျက်ရှိကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။