Trending Now

ကချင်ပြည်နယ်တွင် ယခုနှစ်ငါးလအတွင်း မီးလောင်မှု ၆၄ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၆၆သန်းကျော်ရှိ

Spread the love

ကချင်ပြည်နယ်တွင် ယခုနှစ်ငါးလအတွင်း  မီးလောင်မှု ၆၄ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၆၆သန်းကျော်ရှိ
EPN
မြစ်ကြီးနား၊ ဇွန် ၇
ကချင်ပြည်နယ်အတွင်း ၂၀၁၉ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလအတွင်း မီးလောင်မှု၆၄ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ၆၆သန်းကျော်ရှိခဲ့ကြောင်း ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနှမှ သိရသည်။
မီးလောင်မှုဖြစ်ပွားခြင်း၏ အဓိကအကြောင်းအရင်းများမှာ ပေါ့ဆမီးနှင့် လျှပ်စစ်မီးများကြောင့် အဖြစ်များလေ့ပြီး မီးသတ်ဦးစီးဌာနအနေနဲ့ မီးလောင်မှုများ လျော့နည်းစေဖို့ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း  ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းက ပြောသည်။
“ကချင်ပြည်နယ်အတွင်းမှာ မီးလောင်မှုဖြစ်ပွားတဲ့အခါ လျှင်မြန်စွာ မီးငြိမ်းသတ်နိုင်ဖို့နဲ့  ဆုံးရှုံးမှုတွေ လျောနည်းစေဖို့  မြစ်ကြီးနားမြို့နယ်က ရပ်ကွက်တွေမှာ နယ်မြေမီးသတ်စခန်းတွေ ချထားတယ်” ဟု ၎င်းကဆက်ပြောသည်။
မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ပြည်သူတွေဘက်က လိုက်ပါလုပ်ဆောင်မှု အားနည်းနေသေးသည့်အတွက် ပြည်သူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်မည်ဆိုပါက မီးလောင်မှုများ ပိုမိုလျော့ချနိုင်မှာဖြစ်ကြောင်း  ၎င်းက ဆက်လက်ပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များအနက် မြစ်ကြီးနားမြို့၊ ဖားကန့်မြို့များတွင် မီးလောင်မှု ပိုမိုဖြစ်ပွားလေ့ရှိပြီး  အိမ်ခြေစိတ်ခြင်းနှင့် လမ်းအနေအထားများကြောင့် ဆုံးရှုံးမှုပိုများလေ့ရှိကြောင်း  မီးသတ်ဦးစီးဌာနထံမှ သိရသည်။
“ဖားကန့်က မီးလောင်မှုဖြစ်စဉ်တွေကို ကြည့်ရင် အိမ်ခြေစိတ်တာနဲ့  နယ်မြေလမ်းအနေအထားတွေကြောင့် ဆုံးရှုံးမှု တန်ဖိုးတွေ ပိုများတယ်” ဟု ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလအတွင်း ကချင်ပြည်နယ်တွင် မီးလောင်မှု ၆၉ကြိမ်ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့်၂၀၄သန်းကျော်ရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက မီးလောင်မှု ၅ကြိမ်လျော့ကျခဲ့ကာ ဆုံးရုံးမှုတန်ဖိုး ၁၃၇သန်းကျော် လျော့နည်းသွားကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။
မိုးဝေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။