Trending Now

အစ္စရေးနိုင်ငံတွင် အာရပ်သေနတ်သမားတစ်ဦးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံး

Spread the love

အစ္စရေးနိုင်ငံတွင် အာရပ်သေနတ်သမားတစ်ဦးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံး

EPN

နိုင်ငံတကာ၊ မတ် ၃၀

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ ဆင်ခြေဖုံးရပ်ကွက်တွင် ယမန်နေ့က အာရပ်သေနတ်သမား တစ်ဦးပစ်ခတ်မှုကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမျိုးသားလူနာတင်ယာဉ်ဝန်ဆောင်မှုမှ ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် အစ္စရေးနိုင်ငံ၌ တစ်ပတ်အတွင်း တတိယမြောက် လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း အစ္စရေးအဏာပိုင်များက ပြောကြားခဲ့သည်။

“အစ္စရေးဟာ လူသတ်အာရပ်အကြမ်းဖက်သမားတွေ ရဲ့ အကြီးမားဆုံးတိုက်ခိုက်မှုကို ခံနေရပါတယ်” ဟု ပစ်ခတ်မှုအပြီးတွင် ဝန်ကြီးချုပ် Naftali Bennett က တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

အစ္စရေးနိုင်ငံ၌ ပြီးခဲ့သည့် သီတင်းပတ်အတွင်း အာရပ်သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက် ၁၁ ဦးအထိ တိုးလာခဲ့ပြီး မြို့တွင်းလမ်းများပေါ် တိုက်ခိုက်မှုများသည်လည်း အပြင်းထန်ဆုံး တိုးလာခဲ့သည်။

ယင်းတိုက်ခိုက်မှုအတွက် ပါလက်စတိုင်းသမ္မတ Mahmoud Abbas က အစ္စရေးအရပ်သားများအား သတ်ဖြတ်ခြင်းအား ရှုတ်ချခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်းများကို သတ်ဖြတ်ခြင်းသည် ဒေသတွင်း တည်ငြိမ်ရေးကို ယိုယွင်းသွားစေမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ရဲများက အဆိုပါအရပ်သားများကို တိုက်ခိုက်ခဲ့သည့် သေနတ်သမားကို ပစ်သတ်ခြင်းမပြုမီ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည့် အရာရှိတစ်ဦးနှင့် အရပ်သားလေးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Source – ရိုက်တာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။