Trending Now

ရထားနှစ်စင်းတိုက်မိလို့ လူ ၃၈ ဦး သေဆုံးခဲ့ရတဲ့အတွက် ဂရိသယ်ယူပို့ဆောင်ရေးဝန်ကြီး ရာထူးက နှုတ်ထွက်

Spread the love

ရထားနှစ်စင်းတိုက်မိလို့ လူ ၃၈ ဦး သေဆုံးခဲ့ရတဲ့အတွက် ဂရိသယ်ယူပို့ဆောင်ရေးဝန်ကြီး ရာထူးက နှုတ်ထွက်

EPN
နိုင်ငံတကာ၊ မတ် ၂

အင်္ဂနေ့ နှောင်းပိုင်းမှာ မြို့တော်အေသင်ကနေ သက်သာလိုနီကီမြို့ထွက်ခွာလာတဲ့ ခရီးသည်တင် ရထားတစ်စင်းနဲ့ ကုန်တင်ရထားတစ်စီတို့ တိုက်မိခဲ့ရာ လူပေါင်း ၃၈ ဦး သေဆုံးခဲ့ပါတယ်။

သယ်ယူပို့ဆောင်ရေးဝန်ကြီး Kostas Karamanlis က အခင်းဖြစ်တဲ့ နေရာကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် ဒါဟာ သူရဲ့ တာဝန်ပေါ့လျော့မှုကြောင့် ဖြစ်ပွားရတာလို့ ယူဆရတဲ့အတွက် ရာထူကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

“အဖြစ်အပျက်က ဝမ်းနည်းစရာကောင်းလို့ ပြောမပြတတ်အောင်ပါပဲ။ ကွန်တော်တို့ နိုင်ငံသားတွေ ဒီလိုဖြစ်စဉ်မျိုးဖြစ်သွားပြီးမှ ဘာမှမဖြစ်သလိုနေပြီး အလုပ်ဆက်လုပ်လို့ မရပါဘူး။ ဒါကို နိုင်ငံရေးတာဝန်လို့ ခေါ်တယ်။” လို့ Kostas Karamanlis က ပြောဆိုခဲ့ပါတယ်။

ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis ကလည်း ရထားနှစ်စင်း တိုက်မိမှုဟာ အဆိုးရွားဆုံး လူတွေရဲ့ အမှားကြောင့်လို့ အပြစ်တင်ပြောဆိုခဲ့ပါတယ်။

မီးလောင်မှုကြောင့် ခရီးသည်တင်ရထားအချို့ မီးလောင်ပေါက်ကွဲခဲ့ပြီး ” ဒီဖြစ်စဉ်ဟာ အဓိကအားဖြင့် ဝမ်းနည်းစရာကောင်းတဲ့ လူတွေရဲ့ အမှားကြောင့်ဆိုတာ သက်သေပြနေပါတယ်။” လို့ ပြန်လည်အေရွေးခံဖို့ ကြိုးပမ်းနေတဲ့ Mitsotakis က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ရထားအော်ပရေတာ ဟယ်လီနစ် က အေသင်မြို့ကနေ ညနေ ၇ ခွဲအချိန်ခန့်မှာ ထွက်ခွာသွားတဲ့ ခရီးသည်တင် ရထားပေါ်မှာ လူ ၃၅၀ ခန့်လိုက်ပါလာခဲ့တယ်လို့ အစီရင်ခံခဲ့ပါတယ်။

အထူးကြပ်မတ်ကုသဆောင်က ခြောက်ဦးအပါအဝင် ယာဉ်တိမ်းမှောက်မှုတွင် အနည်းဆုံး လူ ၆၆ ဦး ဒဏ်ရာရခဲ့ပြီး ခရီးသည် ၂၅၀ ခန့် ဒဏ်ရာအနည်းငယ်ရရှိကာ မိုင် ၈၀ ခန့်အကွာ မှာရှိတဲ့ သက်သာစလိုနကီမြို့ကို ဘတ်စ်ကားနဲ့ ဘေးကင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ref; Greek transport minister resigns over train crash; 38 dead

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။