Trending Now

ပူတာအိုမြို့နယ်၌ ပေါ်တော်မူ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်ဝင်း အတွင်း အရိပ်ရပင်များ စိုက်ပျိုး

Spread the love

ပူတာအိုမြို့နယ်၌ ပေါ်တော်မူ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်ဝင်း အတွင်း အရိပ်ရပင်များ စိုက်ပျိုး

EPN
ပူတာအို၊ ဇွန် ၅

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဖတ်မာကျေးရွာအုပ်စု၊ ဖတ်မာစွပ်ကျေးရွာ အနီး ဝါးတောကွင်း၌တည် ထားကိုးကွယ်မည့် ပေါ်တော်မူဓာတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော်ဝင်းအတွင်း ပတ်ဝန်းကျင် စိမ်းလန်းစို ပြေလာစေရေးအတွက် အရိပ်ရပင်များ စိုက်ပျိုးခြင်း အခမ်းအနားကို ဇွန်(၅)ရက် နံနက်(၉)နာရီခွဲက အဆိုပါ ဆုတောင်းပြည့် စေတီတော်ဝင်းအတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတီတော်ဂေါပကဉက္ကဌ ဦးကြံဆိုင်နှင့် အဖွဲ့ဝင်များက ပေါ်တော်မူ ဓာတ်ပေါင်းစု ဆုတောင်းပြည့် စေတီတော်ဝင်းအတွင်း စိုက်ပျိုးမည့် အရိပ်ရပင်များကို ဆရာတော် သံဃာတော် များထံဆက်ကပ်လှူဒါန်းပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် တာဝန်ရှိသူ များက ဗောဓိညောင်ပင်၊ ကံ့ကော်ပင်၊ စန္ဒကူးပင်နှင့် ယမနေပင် စသည့် အရိပ်ရပင်များကို သတ်မှတ်နေရာများ တွင် စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ ဉာဏ်တော်(၅၄)ပေအမြင့်ဆောင်သော ပေါ်တော်မူဓာတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော်ကို ၂၀၁၉-ခုနှစ် ဇွန်လအတွင်းက ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀-ခုနှစ် မတ်လမှစတင်၍ ပြန်လည် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ဆုတောင်းပြည့် စေတီတော် အား တည်ထားမှုလုပ်ငန်းများအနေဖြင့် (၇၀) ရာခိုင်နှုန်းခန့်ပြီး စီးနေပြီ ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။