Trending Now

ဧရာဝတီလင်ပိုင်း ထိန်းသိမ်းရေးဇုန်တည်ထောင်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် အမိန့်ပေး

Spread the love

ဧရာဝတီလင်ပိုင်း ထိန်းသိမ်းရေးဇုန်တည်ထောင်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် အမိန့်ပေး

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၃

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မဲခေါင်မြစ်အတွင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဇုန်တွေ ထူထောင်ဖို့ ဇန်နဝါရီလ ၂ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

တရားမဝင် ငါးဖမ်းပိုက်တွေကြောင့် ဧရာဝတီလင်းပိုင် ၃ ကောင် ပြီးခဲ့တဲ့လက သေဆုံးခဲ့ပြီးနောက် ဝန်ကြီးချုပ်က ထိန်းသိမ်းရေးဇုန်တွေ ထူထောင်ဖို့ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်က သတ်မှတ်ထားတဲ့ အကာအကွယ်ဇုန်တွေမှာ ရေပေါ်အမှတ်အသားတွေ တပ်ဆင်ဖို့ နဲ့ အာဏာပိုင်တွေကို ငါးဖမ်းခွင့် လုံးဝပိတ်ပင်ဖို့ အမိန့်ထုတ်လိုက်တာပါ။

နဖူးနဲ့ နှုတ်သီးတိုတာကြောင့် လူသိများတဲ့ ဧရာဝတီလင်းပိုင်တွေဟာ တစ်ချိန်က မဲခေါင်းမြစ်ဝှမ်းတစ်လျောက်မှာ တွေ့ရှိရပေမယ့် ဆယ်စုနှစ်များစွာအတွင်း သိသိသာသာ လျော့နည်းလာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ဘက် ခရစ်တီပြည်နယ်ကနေ လာအိုနယ်စပ် ကီလိုမီတာ ၁၉၀ အတွင်းမှာသာ တွေ့ရှိရပါတော့တယ်။

၁၉၉၇ ခုနှစ်မှာ ပထမအကြိမ် စာရင်းကောက်ယူပြီးကတည်းက စုစုပေါင်း အကောင်ရေ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး အဲဒီနှစ်အတွင်းမှာပဲ အကောင်ရေ ၂၀၀ ကနေ ၉၀ ဝင်ကျင်အထိ ကျဆင်းသွားခဲ့ပါတယ်။ အဲဒီလို ကျဆင်းသွားရတာဟာ လင်ပိုင်းတွေအတွက် နေထိုင်ရာနေရာ ဆုံးရှုံးခြင်းနဲ့ အလွန်အကျွံငါးဖမ်းတဲ့ အလေ့အထတွေကြောင့် ဖြစ်ပါတယ်။

ကျန်းမာစွာ မွေးမြူထားတဲ့ လင်းပိုင် ၃ ကောင်ဟာ ပြီးခဲ့တဲ့လက တစ်ပတ်အတွင်း သေဆုံးသွားခဲ့ပြီးနောက် ကျန်ရှိနေတဲ့ လင်ပိုင်တွေကို တရားမဝင်ငါးဖမ်းခြင်းကြောင့် သေဆုံးမှုမဖြစ်စေဖို့ ကာကွယ်ရန်အတွက် နေ့ရောညပါ ကင်းလှည့်မှုပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

၂၀၂၂ ခုနှစ်တွင် လင်းပိုင် ၁၁ ကောင်အထိ သေဆုံးခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်အတွင်း လင်းပိုင်သေဆုံးမှု စုစုပေါင်း ၂၉ ကောင်အထိ ရှိလာခဲ့ကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ WWF အဖွဲ့က သိရပါတယ်။

ဧရာဝတီလင်းပိုင်ကို မြန်မာနိုင်ငံ၊ အင်ဒိုနီးရှား၊ အိန္ဒိယ နဲ့ ထိုင်းနိုင်ငံတို့က မြစ်ချောင်းတွေမှာ အများဆုံးတွေ့ရှိရပြီး မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ်။

— ကိုးကား —
CNA
Ref; Cambodian Leader Orders Mekong Safe Zones To Save Rare Dolphins

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။