Trending Now

ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ ဗန်းမော်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေး

Spread the love

ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ ဗန်းမော်မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေး

EPN
ဗန်းမော်၊ ဇွန် ၆

ကချင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်း၊ လျှပ်စစ်၊ ဆက်သွယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီးဌာနဝန်ကြီး ဦးဝင်းညွန့်သည် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဇော်သင်း တို့သည် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ လိုက်ပါလျှက် ယနေ့၊ ဇွန် ၆ ရက် နေ့နံနက် ၈ နာရီက ဗန်းမော်မြို့ ခွန်သာ ရပ်ကွက်၊ တပ်ကလေးရပ် ကမ်းနားလမ်းတွင် ကုမ္မဏီသုံးခုမှ အရှည်ပေ ၂၀၀၀တည်ဆောက်လျှက် ရှိသော ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကျောက်စီ မြေထိန်းနံရံနှင့် ကျောက်စီတမံ လုပ်ငန်း တည်ဆောက်နေမှု ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီး နှင့်အဖွဲ့သည် ညောင်ပင်ရပ်ကွက် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှေ့လမ်း တွင် မန်းပြည်တံခွန်ကုမ္ပဏီ ကတာဝန်ယူပြုလုပ် လျှက်ရှိသည့် AC လမ်းခင်းခြင်း၊ အုတ်ရေမြောင်း ပြုလုပ်ခြင်းတို့ကိုကြည့်ရှု စစ်ဆေးခဲ့ကြရာ တာဝန်ရှိသူများ က ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြခဲ့ကြသည်။

“AC ကတ္တရာ လမ်းအရှည်ပေ ၁၃၀၀၊ အကျယ် ၂၂ ပေခွဲ ရှိပြီး လမ်းဘေးဝဲယာတွင် အုတ်ရေ မြောင်းများ ပါဝင်ကြောင်း “ကုမ္ပဏီ ဝန်ထမ်းတစ်ဦး က ပြောသည်။

ထိုနောက် ပြည်နယ်ဝန်ကြီး နှင့်အဖွဲ့သည် မင်းကျောင်းကုန်းရပ်ကွက် ပရနဒီရေကန် (ပရဟိတကန်) မင်းကျောင်းကုန်းနှင့် နောင်ခို ရပ်ကွက် ကားလမ်း Box Culvert ပြုလုပ်ခြင်း တို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

“Box Culvert မှာ အရှည်ပေ ၄၀အနံ၊၁၀ ပေ၊အမြင့် ၈ ပေ ရှိတယ်” ဟု တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောသည်။

ယင်းနောက်ပြည်နယ် ဝန်ကြီးနှင့် အဖွဲ့သည် ပေါက်ကုန်းရပ်ကွက် ဗန်းမော်-မန်စီလမ်း ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီးတွင် Box Culvertတည်ဆောက်ပြီး စီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့အပြင် ၀န်ကြီးနှင့် အဖွဲ့သည် ခရိုင်ကျေးလက်လမ်းဦးစီမှူးရုံး အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်း၊ ဗန်းမော်မြို့ NLD ရုံး တည်ဆောက်ခြင်းလုပ်ငန်းများကို စစ်ဆေးကြည့် ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။