Trending Now

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအတွင်း ဗီယက်နမ် ဒုတိယဝန်ကြီးနှစ်ဦးကို ဖယ်ရှားခံရ

Spread the love

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအတွင်း ဗီယက်နမ် ဒုတိယဝန်ကြီးနှစ်ဦးကို ဖယ်ရှားခံရ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၇

ဗီယက်နမ် အမျိုးသားလွှတ်တော်က ဒုတိယဝန်ကြီးချုပ်နှစ်ဦးကို ရာထူးမှ ထုတ်ပယ်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် လေ့လာသုံးသပ်သူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် တိုးတက်မှုအသစ်တစ်ခုဟု ယုံကြည်နေကြကြောင်း သိရသည်။

ဗီယက်နမ် ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် ဖန်းဘင်မင် နှင့် ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဗူးဒါတင် တို့ကို ရာထူးမှ ထုတ်ပယ်လိုက်သည့် အကြောင်းရင်ကို ပါလီမန်က ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ကွန်မြူနစ်အုပ်ချုပ်သည့် နိုင်ငံတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရန် အရှိန်အဟုန်မြင့်လာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ဝန်ကြီး ထရန်ဟောင်ဟာ နှင့် ဟိုင်ဖုန်းမြို့တော် ပါတီအကြီးအကဲ ထရန်လူကွင်း တို့ကို ဝန်ကြီးချုပ်အသစ် နှစ်ဦးအဖြစ် ပါလီမန်က အတည်ပြုခဲ့ပြီး ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည့် ဝန်ကြီးနှစ်ဦးသည် အဖမ်းခံရခြင်းမရှိသလို တစ်စုံတစ်ရာမှတ်ချက်ပေးခြင်းမရှိခဲ့ကြောင်း သိရသည်။

ထုတ်ပယ်မှုများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဆက်နွှယ်နေပါက ၎င်းတို့သည် မဲဆွယ်စည်းရုံးမှုအတွင်း ရာထူးမှ ဖယ်ရှားခံရသည့် အကြီးတန်းအရာရှိများ ဖြစ်လာမည်ဖြစ်သည်။

အသက် ၆၃ နှစ်အရွယ် ဖန်းဘင်မင် သည် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှစတင်ကာ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသော အသက် ၅၉ နှစ်အရွယ် ဗူးဒါတင် သည် နိုင်ငံ၏ ကိုဗစ် ကပ်ရောဂါကို တိုက်ဖျက်ရန် ဦးဆောင်ကြိုးပမ်းမှုများကြောင့် လူသိများသည်။

ဗီယက်နမ် သံတမန်ရေးရာ ကျွမ်းကျင်သူ ကားလ် က ထုတ်ပယ်မှုသည် ကပ်ရောဂါကို ကိုင်တွယ်ရာတွင် အနှောင့်အယှက်ဖြစ်စေသော အရှုပ်တော်ပုံနှစ်ခုနှင့် ဆက်စပ်နေနိုင်သည်ဟု ပြောကြားခဲ့ပြီး အထူးသဖြင့် နိုင်ငံရပ်ခြားတွင် သောင်တင်နေသော ဗီယက်နမ်နိုင်ငံသားများနှင့် ကိုဗစ် စမ်းသပ်ကိရိယာများ ဝယ်ယူမှုနှင့် ဆက်စပ်နေသည့် လာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံဖြစ်သည်။

May be an image of 2 people

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။