Trending Now

တနိုင်းမြို့ရှိ ထေရဝါဒတောင်တန်းသာသနာပြု ဗဟိုမြို့မကျောင်းတိုက်ကြီးနှစ်(၆၀)ပြည့်အထိမ်းအမှတ် ပူဇော်ပွဲ ပြုလုပ်မည်

Spread the love

တနိုင်းမြို့ရှိ ထေရဝါဒတောင်တန်းသာသနာပြု ဗဟိုမြို့မကျောင်းတိုက်ကြီးနှစ်(၆၀)ပြည့်အထိမ်းအမှတ် ပူဇော်ပွဲ ပြုလုပ်မည်

EPN

မြစ်ကြီးနား ၊ မတ် ၃၁

ကချင်ပြည်နယ် ၊ တနိုင်းမြို့ရှိ ထေရဝါဒတောင်တန်းသာသနာပြုဗဟိုမြို့မကျောင်းတိုက်ကြီးနှစ်(၆၀) ပြည့်အထိမ်းအမှတ်ပွဲကို လာမည့်တန်ခူးလဆန်း(၁၀) ရက် နေ့တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကျောင်းတိုက်ကြီးကို ဘဒ္ဒန္တသူရိယ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ဆရာတော်ဘုရားကြီးက(၁၃၂၃) ခုနှစ်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီးယခုနှစ်တွင်နှစ်ပေါင်း(၆၀) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

“ဒီမဟာတံတိုင်းအလှူရှင်တွေရေစက်ချပွဲနှင့်အတူ၊ဒီကျောင်းထိုင်ဆရာတော်တွေပြီးတော့၊သီလရှင်တွေကိုပေါ့ နိုင်ငံတော်ကပေးအပ်ချီမြင့်တဲ့ ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ပူဇော်ပွဲကိုတခါတည်းပြုလုပ်သွားမှာပေါ့”ဟုကျောင်းတိုက်ရှိတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါနှစ်(၆၀)ပြည့်ကျောင်းတိုက်အထမ်းအမှတ်ပူဇော်ပွဲကို ဦးပြည်ကျော်ခိုင်+ဒေါ်စန္ဒာလင်း၊ဦးစိုင်းအောင်မျိုးညွန့်+ဒေါ်သီတာထွန်းမိသားစုတိုမှ မတည်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး၊(၇)ရက်သားသမီးများစုပေါင်း၍ကောင်းမှုကုသိုလ်မဟာတံတိုင်း(၂၀၅)ခုတို့ကိုရေစက်ချလှူဒါန်းပွဲနှင့်အတူ နိုင်ငံတော်မှချီးမြှင့်အပ်နှင်းသော ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ပူဇော်ပွဲပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။