Trending Now

ဗန်းမော်မြို့ နမ့်ဖားရပ်ကွက်တွင် သိန်း ၈၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ဗန်းမော်မြို့ နမ့်ဖားရပ်ကွက်တွင် သိန်း ၈၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ် ၇

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်နေ အမျိုးသားတစ်ဦးထံမှ သိန်း ၈၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် မတ်လ ၅ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်နေ ခင်မောင်သန်း(ခ)ဖိုးသား၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၇၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၈၁.၄ သိန်း ) ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ခင်မောင်သန်း(ခ)ဖိုးသား(၄၀)နှစ်အား ဗန်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိသည်။

နန့်ခူး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။