Trending Now

စစ်ပွဲသည် ရွေးချယ်စရာမဟုတ်ဟု ထိုင်ဝမ်သမ္မတ ပြော

Spread the love

စစ်ပွဲသည် ရွေးချယ်စရာမဟုတ်ဟု ထိုင်ဝမ်သမ္မတ ပြော

EPN
နိုင်ငံတကာ၊ မေ ၂၀

ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ် က တရုတ်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းထားရန် ပြတ်ပြတ်သားသား အတည်ပြုခဲ့သည်။

ထိုင်ဝမ်သည် တရုတ်၏ ဖိအားပေးမှုကို ဦးညွှတ်မည်မဟုတ်ကြောင်း မေလ ၂၀ ရက်နေ့တွင် ပြုလုပ်သည့် သတ္တမနှစ်မြောက် သမ္မတသက်တမ်း အထိမ်းအမှတ် မိန့်ခွန်းတွင် ဆိုင်းအင်ဝမ် က ပြောကြားခဲ့သည်။

စစ်ပွဲသည် အလားအလာရှိသော ရွေးချယ်မှုမဟုတ်ကြောင်း အလေးပေးဖော်ပြကာ လက်ရှိတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်အတွက် အပြန်အလှန်သဘောတူချက်ကို အလေးပေးကာ လက်ရှိအနေအထားကို ထိန်းသိမ်းရန် တောင်းဆိုခဲ့သည်။

“စစ်ပွဲက ရွေးချယ်စရာ မဟုတ်ဘူး။ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ လက်ရှိအနေအထားကို တစ်ဖက်သတ် ပြောင်းလဲလို့ မရပါဘူး။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အခြေအနေကို ထိန်းသိမ်းတာက ကမ္ဘာနဲ့ ထိုင်ဝမ် နှစ်နိုင်ငံလုံးရဲ့ သဘောတူညီမှုပါပဲ။”ဟု ဆိုင်းအင်ဝမ် က ပြောကြားခဲ့သည်။

ဆိုင်းအင်ဝမ်က ဒါ်လာသန်း ၅၀၀ လက်နက်အကူအညီပေးရေးအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြာင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် ဆိုင်းအင်ဝမ်က ထိုင်းဝမ်၏ ထောက်ပံ့ရေးကွင်းဆက်များသည် ကမ္ဘာလုံးဆိုင်ရာ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပြီး အထူးသဖြင့် ဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းများကို အလေးပေးပြောကြားခဲ့သည်။

ref; cna

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။