Trending Now

လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရ

Spread the love

လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရ

EPN
မိုးညှင်း၊ စက်တင်ဘာ ၅ (၂၀၂၃)

မိုးညှင်းမြို့နယ်၊ ထန်းတစ်ပင်ကျေးရွာ‌၊ စိုက်ပျိုးရေး အခင်းတစ်ခင်းသို့ စက်တင်ဘာလ ၄ ရက်‌နေ့ နံနက် ၁၁ နာရီအချိန်ခန့်က လက်နက်ကြီးကျည် တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ရာ အမျိုးသမီးတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။

အသက် ၄၄ နှစ် ခန့် အရွယ် မငယ်လေး ဆိုသူသည် ၎င်း၏ စိုက်ခင်းရှိ နေအိမ် အတွင်း အိပ်ပျော်နေစဉ်လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းခဲ့ခြင်းကြောင့် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်း၏ မိတ်ဆွေ တစ်ဦးက ယခုကဲ့သို့ ဆိုသည်။

“မငယ်လေးက သူ့ရဲ့စိုက်ပျိုးရေးအခင်းထဲက နေအိမ်မှာ အိပ်နေတာ၊ အိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်၊ ဘယ်လက်မောင်း ရင်း စုတ်ပြဲပြီး အရိုးပါ ကျိုးသွားတယ်၊ ဘယ်ဘက် လက်ခလယ် ပြတ်သွားတယ်၊ ညာခြေသန်းလဲ ပြတ်သွားတယ်၊ ဒဏ်ရာတွေက အရမ်းကို ပြင်းထန်တယ်” ဟု ၎င်းက ပြောပြသည်။

လက်ရှိတွင် အဆိုပါ အမျိုးသမီး သည် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိထားသည့် အခြေအနေဖြစ်၍ မိုးညှင်းပြည်သူ့ဆေးရုံမှ တဆင့် မြစ်ကြီးနားသို့ လွဲပြောင်း ကုသရမည် ဖြစ်ကြောင်း သိရသည်။

ယင်းလက်နက်ကြီးကျည်ကို မည်သည့် အဖွဲ့အစည်းက ပစ်ခတ်ခြင်းဖြစ်ကြောင်းကိုမှု EPN သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။