Trending Now

ကမာၻ႔တီဘီ အျဖစ္အမ်ားဆုံးနိုင္ငံ(၃၀)တြင္ ျမန္မာနိုင္ငံပါဝင္

Spread the love

ကမာၻ႔တီဘီ အျဖစ္အမ်ားဆုံးနိုင္ငံ(၃၀)တြင္ ျမန္မာနိုင္ငံပါဝင္ 

EPN 
မိုးေကာင္း မတ္ ၂၄ 

” ျမန္မာနိုင္ငံမွာ တီဘီ ၊ ေဆးယဥ္ပါးတီဘီ၊ တီဘီ/အိပ္ခ္်အိုင္ဗြီ ေရာဂါမ်ားဟာ ျပည္သူ႕က်န္းမာေရးျပႆ နာ တစ္ရပ္ အျဖစ္ တည္ရွိေနဆဲျဖစ္ၿပီး ကမာၻ႔တီဘီအျဖစ္အမ်ားဆုံးနိုင္ငံ(၃၀)တြင္ျမန္​မာနိုင္​ငံပါဝင္ေနဆဲျဖစ္ေၾကာင္း” ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီဥကၠဌၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴ းဦးရန္ႏိုင္ထြန္းက World TB Dayအခမ္းအနားအဖြင့္အမွာစကားတြင္ ​ေျပာၾကားခဲ့သည္။ 

ကခ်င္ျပည္နယ္မိုးေကာင္းၿမိဳ႕ၿမိဳ႕နယ္ျပည္သူ႔ေဆးရံုအစည္းအေဝးခန္းမတြင္ယေန႔နံနက္(၁၀း၀၀)နာရီကႏွစ္စဥ္မတ္(၂၄)ရက္ေန႔တြင္က်ေရာက္ေသာကမ႓ာ့တီဘီေရာဂါတိုက္ဖ်က္ေရးေန႔အခမ္းအနားကိုက်င္းပျပဳလုပ္ရာအဖြင့္အမွာစကားတြင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴ းက အထက္ပါအတိုင္းေျပာၾကားျခင္းျဖစ္သည္။ “Global TB Report (2018)”အရ တီဘီေရာဂါဟာ ကမာ ၻေပၚမွာ ျပည္သူ႕က်န္းမာေရးျပႆ နာ အျဖစ္တည္ရွိေနဆဲျဖစ္ၿပီး၊ ကူးစက္ေရာဂါေၾကာင့္ ေသဆုံးမႈအမ်ားဆုံးေရာဂါ(၁၀)ခုအနက္(၁)ခုလည္းျဖစ္ပါတယ္။ ကမာၻမွာတစ္ရက္လွ်င္တီဘီလူနာ ၃၀,၀၀၀ခန႔္ ျဖစ္ပြားေနၿပီး ၄,၅၀၀ခန႔္ ေသဆုံးေနေၾကာင္းခန႔္မွန္းရၿပီး ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးရဲ႕ (၂၀၁၇)ခုႏွစ္၊ ခန႔္မွန္းခ်က္အရတီဘီလူနာ (၁၀)သန္းခန႔္ျဖစ္ပြား ၿပီး (၁.၃)သန္းခန႔္ ေသဆုံးေနၾကပါတယ္”ဟု ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴ းမွဆက္၍ေျပာသည္။ 


 အဆိုပါအခမ္းအနားကိုၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာန ႏွင့္ဖီးနစ္(စ္)လူမႈကူညီေရးအဖြဲ႔၊ အားမာန္သစ္ကြန္ယက္အဖြဲ႔၊ ကမၻာ့ဆရာဝန္မ်ားအဖဲြ႔၊ SARA မူးယစ္ ေဆးစြဲေရာဂါသုေတသနအသင္း| အၿမဲ စိမ္းခ်စ္သူမ်ားအဖြဲ႔ နယ္စည္းမထားဆရာ ဝန္မ်ားအဖြဲ႔တို႔ ပူးေပါင္း၍က်င္းပျခင္းျဖစ္သည္။ ဆက္လက္၍ ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာေကာင္းျမတ္စံက World TB Day ႏွင့္ပတ္သက္၍ေျပာၾကားၿပီး (MSF) နယ္စည္းမထား ဆရာဝန္မ်ားအဖြဲ႔မွ တာဝန္ခံေဒါက္တာရဲထက္ေက်ာ္ႏွင့္ မိုးေကာင္းျပည္သူ႔ေဆးရံုမွဆရာမႀကီး ေဒၚတင္မာေဝတို႔က TBေရာဂါတိုက္ဖ်က္ေရးလုပ္ငန္းေဆာင္ရြက္ခ်က္မ်ား ကို power point ျဖင့္ရွင္းလင္းသည္။ 

တီဘီေရာဂါသည္ကူးစက္လြယ္၍ ဘက္တီးရီးယားပိုးေၾကာင့္ ျဖစ္ပြါးၿပီး ကမ႓ာ့ လူဦးေရသုံးပုံတစ္ပုံခန္႔သည္အဆိုပါေရာဂါ ကူးစက္ခံထားရသျဖင့္ တစ္စကၠန္႔တြင္ တစ္ဦးကူးစက္ခံေနရသည္ဟုWHO မွ ခန္႔မွန္းထား ၿပီး ၄င္းေရာဂါကို အေမရိကန္ႏိုင္ငံ၌ ၁၉၈၀တြင္ ေတြ႔ရွိၿပီး ကမ႓ာအႏွံ႔ပ်႕ံႏွံ႔ကာ ျမန္မာႏိုင္ငံတြင္လည္း အမ်ိဳးသားတီဘီေရာဂါ တိုက္ဖ်က္ေရးစီမံကိန္းျဖင့္တီဘီေရာဂါကို စနစ္တက်ကုသလွ်က္ရွိသည္။ 

ယေန႔ အခမ္းအနားသို႔ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴ း ၿမိဳ႕နယ္ဆရာဝန္ႀကီးႏွင့္ဝန္ထမ္းမ်ား ေက်းလက္က်န္းမာေရးဝန္ထမ္းမ်ား၊ NGOမ်ား၊ ဌာနဆုိင္ရာမ်ား ၿမိဳေပၚရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားအမ်ိဳးသမီးေရးရာအဖြဲ႕ဝင္မ်ား အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္မ်ားစုစုေပါင္း (၁၁၀)ဦးခန္႔တက္ေရာက္သည္။ 

ခ်ိဳေမာင္
————————————————-

ကမ္ဘာ့တီဘီ အဖြစ်အများဆုံးနိုင်ငံ(၃၀)တွင် မြန်မာနိုင်ငံပါဝင်

EPN

မိုးကောင်း မတ် ၂၄

” မြန်မာနိုင်ငံမှာ တီဘီ ၊ ဆေးယဉ်ပါးတီဘီ၊ တီဘီ/အိပ်ခ်ျအိုင်ဗွီ ရောဂါများဟာ ပြည်သူ့ကျန်းမာရေးပြဿ နာ တစ်ရပ် အဖြစ် တည်ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့တီဘီအဖြစ်အများဆုံးနိုင်ငံ(၃၀)တွင်မြန်မာနိုင်ငံပါဝင်နေဆဲဖြစ်ကြောင်း” မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှူ းဦးရန်နိုင်ထွန်းက World TB Dayအခမ်းအနားအဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

ကချင်ပြည်နယ်မိုးကောင်းမြို့မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင်ယနေ့နံနက်(၁၀း၀၀)နာရီကနှစ်စဉ်မတ်(၂၄)ရက်နေ့တွင်ကျရောက်သောကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားကိုကျင်းပပြုလုပ်ရာအဖွင့်အမှာစကားတွင်မြို့နယ်အုပ်ချုပ်ရေးမှူ းက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။ “Global TB Report (2018)”အရ တီဘီရောဂါဟာ ကမာ ္ဘပေါ်မှာ ပြည်သူ့ကျန်းမာရေးပြဿ နာ အဖြစ်တည်ရှိနေဆဲဖြစ်ပြီး၊ ကူးစက်ရောဂါကြောင့် သေဆုံးမှုအများဆုံးရောဂါ(၁၀)ခုအနက်(၁)ခုလည်းဖြစ်ပါတယ်။ ကမ္ဘာမှာတစ်ရက်လျှင်တီဘီလူနာ ၃၀,၀၀၀ခန့် ဖြစ်ပွားနေပြီး ၄,၅၀၀ခန့် သေဆုံးနေကြောင်းခန့်မှန်းရပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ (၂၀၁၇)ခုနှစ်၊ ခန့်မှန်းချက်အရတီဘီလူနာ (၁၀)သန်းခန့်ဖြစ်ပွား ပြီး (၁.၃)သန်းခန့် သေဆုံးနေကြပါတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူ းမှဆက်၍ပြောသည်။

 အဆိုပါအခမ်းအနားကိုမြို့နယ်ကျန်းမာရေးဦးစီးဌာန နှင့်ဖီးနစ်(စ်)လူမှုကူညီရေးအဖွဲ့၊ အားမာန်သစ်ကွန်ယက်အဖွဲ့၊ ကမ္ဘာ့ဆရာဝန်များအဖွဲ့၊ SARA မူးယစ် ဆေးစွဲရောဂါသုတေသနအသင်း| အမြဲ စိမ်းချစ်သူများအဖွဲ့ နယ်စည်းမထားဆရာ ဝန်များအဖွဲ့တို့ ပူးပေါင်း၍ကျင်းပခြင်းဖြစ်သည်။ ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကောင်းမြတ်စံက World TB Day နှင့်ပတ်သက်၍ပြောကြားပြီး (MSF) နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ တာဝန်ခံဒေါက်တာရဲထက်ကျော်နှင့် မိုးကောင်းပြည်သူ့ဆေးရုံမှဆရာမကြီး ဒေါ်တင်မာဝေတို့က TBရောဂါတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်ချက်များ ကို power point ဖြင့်ရှင်းလင်းသည်။

တီဘီရောဂါသည်ကူးစက်လွယ်၍ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွါးပြီး ကမ္ဘာ့ လူဦးရေသုံးပုံတစ်ပုံခန့်သည်အဆိုပါရောဂါ ကူးစက်ခံထားရသဖြင့် တစ်စက္ကန့်တွင် တစ်ဦးကူးစက်ခံနေရသည်ဟုWHO မှ ခန့်မှန်းထား ပြီး ၎င်းရောဂါကို အမေရိကန်နိုင်ငံ၌ ၁၉၈၀တွင် တွေ့ရှိပြီး ကမ္ဘာအနှံ့ပျံ့နှံ့ကာ မြန်မာနိုင်ငံတွင်လည်း အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းဖြင့်တီဘီရောဂါကို စနစ်တကျကုသလျှက်ရှိသည်။

ယနေ့ အခမ်းအနားသို့မြို့နယ်အုပ်ချုပ်ရေးမှူ း မြို့နယ်ဆရာဝန်ကြီးနှင့်ဝန်ထမ်းများ ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ NGOများ၊ ဌာနဆိုင်ရာများ မြိုပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများအမျိုးသမီးရေးရာအဖွဲ့ဝင်များ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များစုစုပေါင်း (၁၁၀)ဦးခန့်တက်ရောက်သည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။