Trending Now

အာဖဂန်နစ္စတန် ကျန်းမာရေးဝန်ကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

Spread the love

အာဖဂန်နစ္စတန် ကျန်းမာရေးဝန်ကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

EPN
နိုင်ငံတကာ၊ မေ ၉

အာဖဂန်နစ္စတန် ကျန်းမာရေးဝန်ကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ကြောင်း အာဖဂန် တာဝန် ရှိသူများက ပြောကြားသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သစ် ၂၁၅ မှု တွေ့ရှိခဲ့ သည်။ ကျန်းမာရေးဝန်ကြီး ဖာရိုဇူဒင်ဖာရော့ဇ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ဝန်ကြီးဌာနက အတည် ပြုခဲ့သည်။

ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၇၀၀ ကျော်အနက် လူနာ ၁၀၀ ကျော် သေဆုံးခဲ့ ကြောင်း အာဖဂန်နစ္စတန်နိုင်ငံက ကြေညာခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံသား ၂၇၀၀၀၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဒဏ် အဆိုးရွားဆုံးခံခဲ့ရ သည့် အရှေ့အလယ်ပိုင်းတိုင်းပြည်တစ်ခုဖြစ်သော အီရန်နိုင်ငံမှ ပြန်လာခဲ့သည်ဟု ကုလသမဂ္ဂ ရွှေ့ပြောင်းသွား လာမှုအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

နေရပ်ပြန်များက တိုင်းပြည်တစ်ဝန်းရှိ မြို့တော်များ၊ မြို့များ၊ ကျေးရွာများသို့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ် မှု၊ စောင့်ကြည့်မှုမပြုလုပ်ဘဲ ပြန်ခဲ့ကြခြင်းဖြစ်ရာ ဆယ်စုနှစ်ချီကြာမြင့်နေပြီဖြစ်သည့် ပြည်တွင်းစစ်ကြောင့် ကျန်း မာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ယိုယွင်းနေသည့် အာဖဂန်နစ္စတန်နိုင်ငံ၌ ရောဂါဖြစ်ပွားစေရန် ခြိမ်း ခြောက်နေသည်။

–ကိုးကား–

ဟိန္ဒူစတန်တိုင်းမ်
Ref; Afghanistan’s health minister tests positive for Coronavirus


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။