Trending Now

တနိုင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်နေအိမ်များသို့ ရေများဝင်ရောက်နေသည့်အတွက် သွားလာရန်ခက်ခဲနေ

Spread the love

တနိုင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်နေအိမ်များသို့ ရေများဝင်ရောက်နေသည့်အတွက် သွားလာရန်ခက်ခဲနေ

EPN
မြစ်ကြီးနား၊ ဇွန် ၁၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ညမှစတင်ကာ ရပ်ကွက်နေအိမ်များသို့ ရေများဝင်ရောက်နေသည့်အတွက် သွားလာရန်ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနိုင်းမြို့ရှိ ရပ်ကွက်များသို့ ရေများဝင်ရောက်လျှက်ရှိသည့်အနက် ဆွတ်ငိုင် ရပ်ကွက် သာယာ (၁) အပိုင်းဖြစ်သော မြေနိမ့်ဒေသပိုင်းတွင် နေထိုင်ကြသော နေအိမ်များသို့ ရေဝင်ရောက်မှုပို များသည့်အတွက် ၎င်းအပိုင်းတွင် နေထိုင်ကြသည့် နေအိမ်များမှ ကျောင်းသား/သူများ ကျောင်းသို့ သွားလာရန် ခက်ခဲမှုရှိကြောင်း ရေဝင်နေသည့် နေအိမ်ပိုင်ရှင်ထံမှ သိရသည်။

“ မိုးရွာတာကတော့ ကြာနေပြီ။ ဒါပေမယ့် ရေစပြီးဝင်လာတာကတော့ မနေ့ညကနေစပြီး ဝင်လာတာ။ တောင်ကျရေ၊ မိုးရေတွေပေါ့။ အိမ်အောက်တွေထိကို ဝင်လာတော့ သွားလာရခက်ခဲတယ်။ အဓိကစိတ်ပူတာနေရတာက ကလေးတွေကျောင်းသွားကျောင်းပြန်ညသွားလာဖို့ကိုခက်ခဲနေတာ။ ဆက်ပြီး ရွာနေလို့ ရေပြန်ဝင်နေရင်တော့ အိမ်ပေါ်ထိ ရေတွေမြုပ်သွားမှာပဲ ” ဟု ၎င်းကဆိုသည်။

အဆိုပါ ရေများဝင်ရောက်နေသည့် ဆွတ်ငိုင် ရပ်ကွက် သာယာ (၁) ပိုင်းမှာ မြေနိမ့်ပိုင်းဖြစ်သည့်အတွက် ရေများဝင်ရောက်နေပြီး၊ ၎င်းနေရာအပိုင်း ပတ်ပတ်လည်တွင် ရေမြောင်းများ ပိတ်မိနေခြင်းများကြောင့် ရေဝင်ခြင်းဖြစ်ကာ ရေမြောင်းများကိုလည်း လုပ်ဆောင်ပေးစေလိုကြောင်း ဒေသခံများက လိုလားနေကြသည်။

တနိုင်းမြို့တွင် ယခင်နှစ်ကလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် တနိုင်းချောင်း ရေကြီးရေလျှ ံဖြစ်ခဲ့ကာ ယခုနှစ်တွင်လည်း ထပ်မံပြီးမိုးကြီးပါက တနိုင်းချောင်း ရေကြီးရေလျှံဖြစ်ကာ မြို့ထဲသို့ ရေများဝင်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။