Trending Now

အာရှလမ်းမကြီး၌ သွားလာနေသည့် ခရီးသည်ယာဉ်များ၊ ကုန်တင်ယာဉ်များကို အကြမ်းဖက် အဖွဲ့မှ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်

Spread the love

အာရှလမ်းမကြီး၌ သွားလာနေသည့် ခရီးသည်ယာဉ်များ၊ ကုန်တင်ယာဉ်များကို အကြမ်းဖက် အဖွဲ့မှ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်

EPN

မန္တလေး ၊ ဧပြီ ၄

ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၌ သွားလာနေသည့် ခရီးသည်ယာဉ် များ၊ ကုန်တင်ယာဉ်များကို အကြမ်းဖက်အဖွဲ့မှ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကြောင်း ခရီးသွားပြည်သူများက ပြောသည်။

“အကြမ်းဖက် အဖွဲ့က ကော့ကရိတ်ဘက်ကနေ တက်လာပြီး ကားတွေကို တားတယ်။ ကုန်တင်ယာဉ်တွေ ခရီး သည်ယာဉ်တွေထံကနေ ငွေတွေတောင်းသွားတယ်။ သူတို့တောင်းသလောက် မပါတဲ့ ယာဉ်တွေကို မီးရှိုှု့သွား တယ်” လို့ ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်အဖွဲ့များသည် စစ်ဘက်နှင့် သက်ဆိုင်ခြင်းမရှိသော အရပ်ဘက်များကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေ သလို ပြည်သူပိုင် နေအိမ်များ၊ ယာဉ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ အကြမ်းဖက် သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့သည့်ယာဉ်များ၏ နေရာတစ်ဝိုက်ကို နယ်မြေလုံခြုံရေး အဖွဲ့များက ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။

၀၁

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။