Trending Now

ယူကရိန်းအရှေ့ပိုင်းကို တိုက်ခိုက်နေတဲ့ ရုရှားရဲ့ ထိုးစစ်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဗြိတိန်ထောက်လှမ်းရေးပြော

Spread the love

ယူကရိန်းအရှေ့ပိုင်းကို တိုက်ခိုက်နေတဲ့ ရုရှားရဲ့ ထိုးစစ်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဗြိတိန်ထောက်လှမ်းရေးပြော

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၆

ယူကရိန်းအရှေ့ပိုင်း ဒွန်နက်စ်ဒေသနဲ့ ခါဆွန်ဒေသတွေကို တိုက်ခိုက်နေတဲ့ ရုရှားရဲ့ ထိုးစစ်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဗြိတိန်ထောက်လှမ်းရေးက ယမန်နေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားစစ်ဦးစီးမှူးတွေဟာ ဒေသနှစ်ခုကို တိုက်ခိုက်နေရတာအပြင် ယူကရိန်းတပ်တွေက ခါဆွန်နဲ့ အိုဘလတ်စ်ဒေသနှစ်ခုကို တန်ပြန်ထိုးစစ်ဆင်နေလို့ ခံစစ်ကို အားကောင်းဖို့ပြင်ဆင်ရမလား တိုက်စစ်ကိုပဲ ဦးစားပေးရမလားဆိုတာ ဝေခွဲမရဖြစ်နေကြတယ်လို့ ဗြိတိန်ထောက်လှမ်းရေးက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ယူကရိန်းနယ်စပ်ကနေ ၁၀ ကီလိုမီတာ (၆.၂၁ မိုင်) အကွာအဝေးမှာ အရေးပေါ် ရုရှားစစ်ယာဉ်တွေကို ပြုပြင်ဖို့ စခန်းတစ်ခုတည်ဆောက်နေတာကိုလည်း ဗြိတိန်ထောက်လှမ်းရေးတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

တည်ဆောက်နေတဲ့ စခန်းအနီးမှာ ပျက်စီးသွားတဲ့ ရုရှား ပင်မတိုက်ပွဲဝင်တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ အထွေထွေထောက်ပံ့ရေးထရပ်ကားတွေ အပါအဝင် ပျက်စီးသွားတဲ့ ယာဉ်အစီးရေ ၃၀၀ ထက်မနည်း ရှိနေတယ်လို့ ဆိုပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။