Trending Now

စီတာပူရပ်ကွက်တွင် ကားတစ်စီးသည် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးအား ဝင်ရောက်တိုက်မိပြီးနောက် လမ်းဘေးတွင် ရပ်နေသည့် အမျိုးသမီးတစ်ဦးကိုပါ ဝင်တိုက်မိ၊ အသက် (၂၀) ဝန်းကျင် လူငယ်တစ်ဦးသေဆုံး

Spread the love

စီတာပူရပ်ကွက်တွင် ကားတစ်စီးသည် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးအား ဝင်ရောက်တိုက်မိပြီးနောက် လမ်းဘေးတွင် ရပ်နေသည့် အမျိုးသမီးတစ်ဦးကိုပါ ဝင်တိုက်မိ၊ အသက် (၂၀) ဝန်းကျင် လူငယ်တစ်ဦးသေဆုံး

EPN
မြစ်ကြီးနား ၊ ဇွန်လ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ယနေ့မနက် ၇ နာရီခွဲအချိန် Crown ကားအဖြူရောင် တစ်စီးသည် မျက်နာချင်းဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ် နှစ်စီးအားဝင်တိုက်မိခဲ့ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်နေသည့် အမျိုးသမီးတစ်ဦးကိုပါ ဝင်ရောက်တိုက်မိခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ကနဦးသိရသည်။

ယာဉ်တိုက်မှုမှာ စီတာပူရပ်ကွက် ကက်သလစ်ဘုရားကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုမှ အသက် ၂၀ ဝန်ကျင်အရွယ် လူငယ်အမျိုးသားတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“ ကားကမှားတယ်ပြောရမှာပဲ လမ်းဟိုဘက်တောင်ရောက်နေပြီကိုဝင်တိုက်မိတာ ၊ ဆိုင်ကယ်ကနှစ်စီးကို ဝင်တိုက် ပြီးတော့ကားကလမ်း‌ဘေးမှာစကားပြောနေတဲ့အမျိုးသမီးတစ်ယောက်ကိုပါဝင်တိုက်မိသွားတာ၊ ဆိုင်ကယ်မောင်းလာတဲ့ လူငယ်တစ်ယောက်ကတော့ သေသွားပြီ ” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူက ပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူသုံးဦးအနက် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးသေဆုံး သွားခဲ့ပြီး ကျန် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဦးနှင့် လမ်းဘေးတွင်ရပ်စကားပြောနေသည့် အမျိုးသမီးတစ်ဦးတို့မှာ အသီးသီး ဒဏ်ရာရရှိခဲ့ကြသဖြင့် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး OPD သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။