Trending Now

လပွတ္တာမြို့နယ်တွင် ရာအိမ်မှူးဆိုသူ အမျိုးသား တစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံး

Spread the love

လပွတ္တာမြို့နယ်တွင် ရာအိမ်မှူးဆိုသူ အမျိုးသား တစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံး

EPN
လပွတ္တာ၊ ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ရာအိမ်မှူးဆိုသူ အမျိုးသားတစ်ဦး ယမန်နေ့က သေနတ်ဖြင့်ပစ်သတ်ခံရ၍သေဆုံးသွားကြောင်း ဒေသခံများထံမှစုံစမ်း၍ သိရသည်။

အဆိုပါ ရာအိမ်မှူးဆိုသူ အမျိုးသားသည် ဦးသံချောင်း ဆိုသူဖြစ်ပြီး လပွတ္တာနှင့်ပုတောမြို့နယ်ကြား အထက်ပြွန်ရွာတွင် အမည်မသိသေးသော အဖွဲ့တစ်ခုမှ လာရောက်ပစ်သတ်သွားပြီး အလောင်းကိုလည်း မြစ်ထဲမျောသွားကြောင်း သိရသည်။

”သေနတ်နဲ့ ပစ်သတ်ခံရသူ ဦးသံချောင်းက ရာအိမ်မှူးပါ။ ကြံ့ခိုင်ရေးပါတီဝင်လည်းဟုတ်တယ်။ လပွတ္တလုတ်နဲ့ အထက်ပြွန်ကျေးရွာကိုစက်လှေဆွဲသူပါ။ အခု စစ်သား တွေကော ရဲတွေကော ခြေရှုပ်နေတယ်။”ဟု အဆိုပါ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရာအိမ်မှူးဆိုသူ ဦးသံချောင်းအား လပွတ္တာမြို့ပြပျောက်ကျားတပ်ဖွဲ့မှဆိုသော အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး ရုပ်အလောင်းကိုလည်း ရေထဲပစ်ခဲ့တာဟု ၎င်းတို့က Facebook မှ တစ်ဆင့် သတင်းထုတ်ပြန် ကြေညာထားသည်တွေ့ရသည်။

အဆိုပါ ရာအိမ်မှူး သေနတ်ဖြင့်လုပ်ကြံသတ်ခံရသည့် ဖြစ်စဉ်ကို အသေးစိတ်စစ်ဆေးနေပြီးပြစ်မှုကျူးလွန်သူ များကိုလည်းဖမ်းဆီးရာမိရေးဆောင်ရွက်နေကြောင်း ဖမ်းဆီးရမိပါကလည်း ဥပဒေနှင့် အညီဆောင်ရွက်သွား မည်ဟု ၎င်းက ပြောသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။