Trending Now

မလေးရှား ဘီလျံနာ သူဌေးကို ထိုင်းက တရုတ်နိုင်ငံကို လွှဲအပ်

Spread the love

မလေးရှား ဘီလျံနာ သူဌေးကို ထိုင်းက တရုတ်နိုင်ငံကို လွှဲအပ်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၈

ထိုင်းရဲတပ်ဖွဲ့က ဘီလျံနာ မလေးရှားစီးပွားရေးသမားတစ်ဦးကို တရုတ်နိုင်ငံသို့ လွဲပြောင်းပေးအပ်ရေး လုပ်ငန်းစဉ်ကို အခုလအတွင်း အပြီးသတ်ဖို့ မျှော်မှန်းထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။

တက်ဒီလို့ လူသိများတဲ့ မလေးရှားစီးပွားရေးသမားကို ထိုင်းနိုင်ငံတောင်ပိုင်း ဒန်နက် နယ်စပ်မြို့မှာ အွန်လိုင်း လောင်းကစားလုပ်ငန်း ငွေးကြေးခဝါချမှုနဲ့ ဇူလိုင်လ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

တရုတ်အဏာပိုင်တွေက တက်ဒီကို အလိုရှိတဲ့ စာရင်းသွင်းထားပြီး တရာခံလွဲပြောင်းပေးအပ်ဖို့ တောင်းဆိုခဲ့လို့ အခုနှစ်မကုန်ခင် လွဲပြောင်းပေးအပ်နိုင်ဖို့ လုပ်ဆောင်နေတာလို့ ဒုတိယ ရဲချုပ် ပိုဂန်က ပြောကြားခဲ့ပါတယ်။

တက်ဒီဟာ မလေးရှားနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်နေတဲ့ MBI International Sdn Bhd ကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းက သူတည်ထောင်ခဲ့တဲ့ လုပ်ငန်းစုဟာ တရုတ်နိုင်ငံသားတွေဆီက ရင်းဂစ်သန်းရာနဲ့ ချီလိမ်လည်ခဲ့တယ်လို့ တရုတ်ဘက်က ဆိုပါတယ်။

တက်ဒီကို မလေးရှားအာဏာပိုင်တွေကလည်း အလိုရှိနေပြီး လွဲပြောင်းပေးအပ်ဖို့ တောင်းဆိုခဲ့ပေမယ့် မလေးရှားမှာ သူ့ကို ဘယ်လို စွဲချက်တင်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

— ကိုးကား —
ဘန်းကောက်ပို့စ်
Ref; Thailand to extradite Malaysian billionaire to China

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။