Trending Now

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုအား လိုက်လံကြည့်ရှု အားပေး

Spread the love

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုအား လိုက်လံကြည့်ရှု အားပေး

EPN
မကွေး၊ မတ် ၁၂ (၂၀၂၄)

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ မကွေးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တာဝန်ရှိသူများလိုက်ပါလျက် မကွေးမြို့၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းသို့ မတ်လ ၁၂ရက်နေ့၊ နံနက် ၉နာရီခွဲ အချိန်က သွားရောက်ခဲ့ကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ကာ တက္ကသိုလ်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။