Trending Now

ကချင်ပြည်နယ်အတွင်း တောင်သူ သုံးသောင်း ကျော်အတွက် မိုးစပါးချေးငွေ ကျပ်သန်းပေါင်း သုံးသောင်းကျော် လျာထား

Spread the love

ကချင်ပြည်နယ်အတွင်း တောင်သူ သုံးသောင်း ကျော်အတွက် မိုးစပါးချေးငွေ ကျပ်သန်းပေါင်း သုံးသောင်းကျော် လျာထား

 

EPN
မြစ်ကြီးနား၊ ဇွန်၃

ကချင်ပြည်နယ်အတွင်းက တောင်သူ သုံးသောင်း ကျော်အတွက် ၂၀၂၀ခုနှစ် မိုးစပါးချေးငွေအတွက် ကျပ်သန်းပေါင်း ၃၀၀၀၀ကျော် လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြစ်ကြီးနား)ရုံးမှ သိရသည်။

အဆိုပါ မိုးစပါးချေးငွေကို မေလ ၁၅ရက်နေ့က စတင်ထုတ်ချေးပေးလျှက်ရှိပြီး လက်ရှိအချိန်ထိ ကချင်ပြည်နယ် အတွင်းက ကျေးရွာအုပ်စု ၃၀ ကျော်သို့ ထုတ်ချေးပေးခဲ့ပြီး ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဒေါ်စိမ်းစိမ်းမင်းက ပြောသည်။

“ချေးငွေထုတ်ပေးတာကတော့ မေလ၁၅ရက်နေ့ကနေ ထုတ်ပေးနေတာပါ ဘဏ်ခွဲငါးခုကနေ ကျေးရွာ အုပ်စု ၃၀ကျော်ကို ထုတ်ပေးပြီးပါပြီ လက်ရှိအချိန်ထိလဲ လာထုတ်နေဆဲပါ ” ဟု ပြည်နယ် မန်နေဂျာ ဒေါ်စိမ်းစိမ်းမင်း က ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၉ခုနှစ် မိုးချေးငွေလျာထားငွေဟာ ကျပ်သန်းပေါင်း ၂၉၃၂၀.၅သောင်းဖြစ်သည့် အတွက် ယခုနှစ်မိုးချေးငွေလျားထားမှုမှာ ပိုများကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ယင်းကဲ့သို့ ချေးငွေထုတ်ပေးရာတွင် ငွေချေးစာအုပ်နှင့် ပုံစံ(၇)တွင် ပါသည့် လယ်ဧကအတိုင်း အမြင့်ဆုံး လူတစ်ဦးလျှင် ဆယ်ဧကနှုန်းဖြင့် ချေးပေးနေကြောင်း မြစ်ကြီးနားဘဏ်ခွဲမှ သိရသည်။

“တောင်သူတွေကို စပါးဆိုရင် တစ်သိန်းခွဲ၊ အခြားသီးနှံဆိုရင် တစ်သိန်းနှုန်းနဲ့ ငွေထုတ်ပေးတယ်၊ အခုက Covid_19 ကာလမို့ လူတွေပြုံနေမှာစိုးလို့ အချိန်ခွဲပြီးတော့ ထုတ်ပေးနေပါတယ်၊ ခါတိုင်း တစ်ရက်ကို အုပ်စု အသေးလေး ၂အုပ်စုလောက် ချေးနိုင်ရင် အခုက တစ်အုပ်စုဘဲ ချေးပေးတယ်၊ ချေးငွေကာလအားဖြင့်တော့ နောက်ကျတာမရှိပါဘူး “ ဟု ပြည်နယ်မန်နေဂျာ ဒေါ်စိမ်းစိမ်းမင်းက ဆိုသည်။

အဆိုပါ ၂၀၂၀ခုနှစ် မိုးစပါးချေးငွေကို ပြည်နယ်အတွင်းက တောင်သူ၃၂၉၅၈ဦး (ဧကအားဖြင့် ၂၁၈၈၂၀ဧက) အတွက် ကျပ်သန်းပေါင်း သုံးသောင်းကျော် လျာထားပြီး ကချင်ပြည်နယ် အနေဖြင့် ချေးငွေပြန်မဆပ်နိုင်သည့် တောင်သူ မရှိသော်လည်း ပြန်ဆပ်ချိန် နောက်တာမျိုးကြုံရတတ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (မြစ်ကြီးနား)ရုံးမှ သိရသည်။

မိုးလေး
Image may contain: outdoor


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။