Trending Now

တက္ကသိုလ်ဝင်တန်း စာမေးပွဲ သင်္ချာဘာသာဖြေဆိုသည့် နေ့တွင် ကချင်ပြည်နယ်အတွင်း ထပ်မံ ပျက်ကွက်သူ မရှိ

Spread the love

တက္ကသိုလ်ဝင်တန်း စာမေးပွဲ သင်္ချာဘာသာဖြေဆိုသည့် နေ့တွင် ကချင်ပြည်နယ်အတွင်း ထပ်မံ ပျက်ကွက်သူ မရှိ

EPN
မြစ်ကြီးနား၊ မတ် ၁၀

ကချင်ပြည်နယ်အတွင်း ကျင်းပနေသည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ တတိယနေ့၊ သင်္ချာဘာသာရပ် ဖြေဆိုသည့်နေ့တွင် လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ထပ်မံပျက်ကွက်သူ မရှိကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြမည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၀၃၂၇) ဦး အနက် မတ်လ ၉ ရက်၌ ကျင်းပခဲ့သည့် အင်္ဂလိပ်စာ ဘာသာရပ် ဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၉၅၂၉ ) ဦးသာ လာရောက် ဖြေဆိုကြပြီး မြန်မာစာနေ့ထက် (၄) ဦး ထပ်မံ ပျက်ကွက်ခဲ့ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
“ဒီနေ့မှာတော့ ကချင်ပြည်နယ်အတွင်း စာမေးပွဲဖြေဆိုတဲ့နေကြတဲ့ ကျောင်းသား ကျောင်းသူ ပျက်ကွက်သူမရှိဘူး အရင်နေ့က ဖြေဆိုထားတဲ့ အတိုင်းပဲ “ ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ်အတွင်း တက္ကသိုလ်စာမေးပွဲ ဖြေဆိုရာတွင် ပျက်ကွက်သူ အများစုမှာ ပြင်ပ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြပြီး ပြင်ပဖြေဆိုသူ (၇၅၄) ဦး အထိ ပျက်ကွက်ခဲ့ပြီး ကျောင်းတွင်း ဖြေဆိုသူ (၄၄) ဦး ပျက်ကွက်မှုရှိနေကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံး၏ လက်ရှိစာရင်းများအရ သိရသည်။

မြန်မာစာ ဘာသာရပ် ဖြေဆိုသည့်နေ့တွင် ကချင်ပြည်နယ်အတွင်း စာရင်း ရှိ ကျောင်းသား၊ ကျောင်းသူ ၁၀၃၂၇ ဦး အနက် လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၉၅၃၃ ဦး၊ ပျက်ကွက်သူ ၇၉၄ ဦး ရှိပြီး ဒုတိယနေ့ အင်္ဂလိပ်စာ ဖြေဆိုမှုတွင် လာရောက်ဖြေဆိုသူ (၉၅၂၉) ဦး၊ ပျက်ကွက်သူ (၇၉၈)ရှိပြီး တတိယနေ့ သင်္ချာဘာသာရပ်နေ့တွင် စာမေးပွဲဖြေဆိုသူ ပျက်ကွက်မှု မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကချင်ပြည်နယ်အတွင်း ဝင်ရောက်ဖြေဆိုခဲ့သူ ၁၁၄၈၃ ဦး၊ အောင်မြင်ခဲ့သူ ၅၃၂၅ ဦး နှင့် အောင်ချက် ရာခိုင်နှုန်း ၄၆.၃၇ ရှိခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့် (၆) နေရာ ရရှိခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။