Trending Now

ကိုဗစ်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးပါတီတွေ အခက်တွေ့

Spread the love

ကိုဗစ်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးပါတီတွေ အခက်တွေ့

EPN
မြစ်ကြီးနား၊ ဇွန် ၂၈

၂၀၂၀ ရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာလမှာ ကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)က ကြေငြာထားတာကြောင့် ကိုဗစ်ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကြား ရွေးကောက်ပွဲအကြိုကာလမှာ နိုင်ငံရေးပါတီတွေ အခက်တွေ့နေပြီး ကိုဗစ် ဆက်ရှိနေမယ်ဆိုရင် မဲဆွယ်စည်းရုံးရေး အဆင်ပြေနိုင်မလား ဆိုတာကိုလည်း နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ကပ်ရောဂါ COVID-19 အကြပ်အတည်းတွေ ကြုံနေရပေမယ့် ကိုဗစ်ထိန်းချုပ်နိုင်တဲ့ အနေအထားမှာရှိတာကြောင့် လာမယ့် ရွေးကောက်ပွဲကို နိုဝင်ဘာမှာ ကျင်းပဖို့ UECက ကြေညာထားပြီး ရက်အတိကျ ကိုတော့ကြေငြာထားခြင်း မရှိသေးပါဘူး။ COVID-19 ရောဂါထိန်းချုပ်၊ ကန့်သတ်မှုတွေ ရှိနေလို့ မဲဆွယ်စည်းရုံးတဲ့ကာလ အဆင်မပြေမှာကို စိုးရိမ်နေတယ်လို့ နိုင်ငံရေးပါတီတွေက ဆိုပါတယ်။

ကချင်ပြည်နယ ်ပြည်သူ့ပါတီ (KSPP)ပါတီ ဒုဥက္ကဋ္ဌ ဦးအောင်ခမ်းက ”အဓိက ပြသာနာကတော့ ဒီကိုဗစ်နိုင်တင်းဟာ မပျောက်ပဲနဲ့ ဆက်ဖြစ်နေမယ်ဆိုရင် မဲဆွယ်စည်းရုံးရေးကာလမှာ မဲဆွယ်စည်းရုံးတဲ့ ပုံစံက ဘယ်လိုဖြစ်လာမလဲဆိုတာပဲ စိုးရိမ်တယ်။ တခြားဟာကတော့ သိပ်မစိုးရိမ်ဘူး”ဟု ၎င်းကပြောပါတယ်။

ကိုဗစ်ထိန်းချုပ်ရေး ကန့်သတ်မှုတွေ ဆက်ရှိနေတဲ့အပြင် တစ်ဘက်မှာလည်း UECအနေနဲ့ နိုင်ငံရေးပါတီတွေကို တစ်စုံတစ်ရာ ဆွေးနွေးမှုမရှိသေးတာကြောင့် COVID-19 ကန့်သတ်မှုတွေကြားမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲ အကြိုကာလ အခက်ကြုံနေတဲ့လို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး)ပါတီ ဥက္ကဋ္ဌ ဦးရွေမင်းက ဆိုပါတယ်။

”ဒီကာလမှာ အခက်အခဲကနိုင်ငံတော်က သူ့ရဲ့အမိန့်ညွန်ကြားချက်တွေမှာ ငါးဦးထက်ပိုမစုရဆိုတဲ့ အခါမှာ ကျွန်တော်တို့ ငါးဦးထက်ပိုမစုပဲ စည်းရုံးရေး၊ ပါတီရဲ့ မူဝါဒချပြတာတို့ အစည်းအဝေးတွေပြုလုပ်ဖို့က အခက်အခဲရှိပါတယ်။ ဒါကြောင့် UECအနေနဲ့ ဘယ်ပုံစံနဲ့ လုပ်မလဲ ကိုဗစ်ကို ကျွန်တော်တို့ ကျော်လွှာနိုင်မလား မကျော်လွှာနိုင်ဘူးဆိုရင် မဲဆန္ဒရှင်များစာရင်းကို ဘယ်လိုကောက်ယူမလဲဆိုတာတွေ အများကြီးစဉ်းစားဖို့ရှိလာမယ်”လို့ ဦးရွှေမင်းက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုပါတီအဖြင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌဒေါက်တာ Mကောန်လ ကလည်း လက်ရှိ ကိုဗစ်ထိန်းချုပ်ရေး ကန့်သတ်မှုတွေ ရှိနေတာကြောင့် ရွေးကောက်ပွဲအကြို ကာလကြို တင်ပြင်ဆင်မှုတွေလုပ်ဆောင်ဖို့ ပိတ်ဆို့ မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

“ဒီကိုဗစ်ကာလက တခြားနိုင်ငံရေးပါတီတွေရဲ့လှုပ်ရှားနိုင်မှုကို ကန့်သတ်ထားတယ်။ နောက်ဆုံးဗျာ အစည်းအဝေးတောင် ထိုင်လို့မရဘူး။”လို့ ဒေါက်တာMကောန်လက ပြောပါတယ်။
ဒီလိုအခြေအနေမှာ နိုင်ငံရေး ပါတီအများပိုင်းကတော့ မဲဆွယ်စည်းရုံးရေး အကြပ်အတည်း ဖြေရှင်းဖို့ နည်းလမ်းသစ်တွေနဲ့ ကျော်လွှားဖို့ စဉ်းစားလာကြတဲ့အခါ အွန်လိုင်းလူမှုကွန်ယက်မီဒီယာတွေကို အသုံးချပြီး ကျော်လွှာဖို့အချို့နိုင်ငံရေးပါတီတွေ စတင်လုပ်ဆောင်လာကြပေမယ့် အချို့နေရာမှာတော့ အင်တာနက် လိုင်းမရတဲ့ အခက်အခဲတွကြုံတွေ့နေရတာကြောင့် အဆင်မပြေနိုင်ဘူးလို့ ဒေါက်တာ M ကောန်လ က ပြောအခုလို ပြောပါတယ်။

”ကျွန်တော်တို့အနေနဲ့ ဆိုရှယ်မီဒီယာကို သုံးပြီး လုပ်မယ်ဆိုရင်လည်း အင်တာနက်က နေရာတကာ မရဘူးလေ ပြည်နယ်ဆို ပိုဆိုးပေါ့ဘယ်မှာမှ လိုင်းမမိဘူး ဘာမှလုပ်မရဘူး။ အဲ့တော့ ကျွန်တော်တို့ရဲ့နိုင်ငံရေးစည်းရုံးရေးကတော့ ဒီကိုဗစ်ကာလမှာ အကြီးအကျယ် ပိတ်ဆို့ ခံထားရတယ်”လို့ ဒေါက်တာMကောန်လက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၇ ပါတီရှိပြီး ဒီထဲက ပါတီပေါင်း ၉၀ နီးပါခန့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ သိရပါတယ်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။