Trending Now

နယူးဇီလန်နိုင်ငံတွင် ငါးရက်ဆက်တိုက် ကိုဗစ်-၁၉ ကူးစက်မှုသစ် မရှိ

Spread the love

နယူးဇီလန်နိုင်ငံတွင် ငါးရက်ဆက်တိုက် ကိုဗစ်-၁၉ ကူးစက်မှုသစ် မရှိ

EPN
နိုင်ငံတကာ၊ မေ ၂၇

ငါးရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်မရှိဟု နယူးဇီလန်နိုင်ငံက ကြေညာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ အကြောင်းကြားခဲ့သည့် စုစုပေါင်း အတည်ပြုကူးစက်မှု အရေအတွက်မှာ ၁၁၅၄ မှုဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်က ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကင်းစင်သူ အရေအတွက်မှာ ၁၄၆၂ ဦးအထိ ရောက်ရှိလာခဲ့ပြီး ရောဂါပိုးရှိသူ ၂၁ ဦးရှိကြောင်း၊ မေလ ၆ ရက်နောက်ပိုင်း နယူးဇီလန်နိုင်ငံတွင် သေဆုံးသူ ၂၁ ဦးရှိကြောင်း ဝန်ကြီးဌာနက ပြော သည်။

လက်ရှိတွင် နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါအတွက် ဆေးရုံအဆင့် စောင့်ရှောက်မှုခံယူသူ မရှိတော ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။ NZ COVID Tracer အပလီကေးရှင်းကို မှတ်ပုံတင်သူ ၄၂၂၀၀၀ အထိရှိလာခဲ့ပြီး ယမန်နေ့ကထက် မှတ်ပုံတင်သူ ၁၇၀၀၀ တိုးလာခြင်းဖြစ်သည်။

“ကိုဗစ်-၁၉ ရောဂါ ဖော်ထုတ်တာ၊ ခြေရာခံတာ၊ စမ်းသပ်တာနဲ့ သီးသန့်ခွဲနေတာမှာ အထောက်အပံ့ဖြစ် လို့ ဒီအပလီကေးရှင်းကို ပြည်သူတွေက ဒေါင်းလုပ်ရယူဖို့ အားပေးပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် မိုဘိုင်းအပလီကေးရှင်းတစ်ခုဖြစ်သည့် Āwhina က ကျန်း မာရေးလုပ်သားများ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များ ရရှိစေရန် အထောက်အကူပြုမည်ဖြစ်သည်။

–ကိုးကား–
ဆင်ဟွာ
Ref; New Zealand confirms no new case of COVID-19 for 5 consecutive days


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။