Trending Now

မုိးညွင္း၊ လယ္မီွးေက်းရြာ ကိုယ္ထူကိုယ္ထ ကြန္ကရစ္လမ္းဖြင့္

Spread the love

မုိးညွင္း၊ လယ္မီွးေက်းရြာ ကိုယ္ထူကိုယ္ထ ကြန္ကရစ္လမ္းဖြင့္
EPN
မိုးညွင္း၊ ေဖေဖၚဝါရီ ၂၄

မိုးညႇင္းခ႐ိုင္၊ မိုးညႇင္းၿမိဳ႕နယ္ လယ္မီွးေက်းရြာတြင္ ေဒသခံရြာသားမ်ားမွ စုေပါင္းျပဳလုပ္ေသာ
ကြန္ကရစ္လမ္း သစ္ဖြင့္ပြဲကုိ ယေန႔ေဖေဖာ္ဝါရီ ၂၄ရက္နံနက္(၉)နာရီအခ်ိန္က လယ္မွီးေက်းရြာတြင္ ျပဳလုပ္ခဲ့သည္။
အဆိုပါ လမ္းသစ္ဖြင့္ပြဲ အခမ္းအနားသို႔ မိုးညႇင္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးတင္ေအး၊ ဌာနဆိုင္ရာ ဖိတ္ၾကားထားသူမ်ားႏွင့္ လယ္မီွးေက်းရြာသူ ေက်းရြာသားမ်ားက စုေပါင္းဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။
လယ္မီွးေက်းရြာ ကိုယ္ထူကိုယ္ထလမ္းခင္းရာအတြက္ ျဖစ္ေျမာက္ေအာင္ လယ္မီွးေက်းရြားသား ဦးထြန္းထြန္း ဝင္းမိသားစုက ေငြက်ပ္သိန္း(၄၀)မတည္လွဴဒါန္းေငြႏွင့္ ေက်းရြာသူေက်းရြာသားမ်ားမွ က်ပ္သိန္း၁၀၀ ေက်ာ္ စုေပါင္းထည့္ဝင္ ကုသိုလ္ျပဳၾကၿပီး ကြန္ကရစ္လမ္းအရွည္ေပ ၃၄၀၀ကို ေမတၱာအလင္းတန္းအဖြဲ႕ကေန ဦးစီးဦးေဆာင္ ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။
မိုးျမင့္
———————————————–

မိုးညှင်း၊ လယ်မှီးကျေးရွာ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းဖွင့်
EPN
မိုးညှင်း၊ ဖေဖေါ်ဝါရီ ၂၄
မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် လယ်မှီးကျေးရွာတွင် ဒေသခံရွာသားများမှ စုပေါင်းပြုလုပ်သော ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို ယနေ့ဖေဖော်ဝါရီ ၂၄ရက်နံနက်(၉)နာရီအချိန်က လယ်မှီးကျေးရွာတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးတင်အေး၊ ဌာနဆိုင်ရာ ဖိတ်ကြားထားသူများနှင့် လယ်မှီးကျေးရွာသူ ကျေးရွာသားများက စုပေါင်းဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
လယ်မှီးကျေးရွာ ကိုယ်ထူကိုယ်ထလမ်းခင်းရာအတွက် ဖြစ်မြောက်အောင် လယ်မှီးကျေးရွားသား ဦးထွန်းထွန်း ဝင်းမိသားစုက ငွေကျပ်သိန်း(၄၀)မတည်လှူဒါန်းငွေနှင့် ကျေးရွာသူကျေးရွာသားများမှ ကျပ်သိန်း၁၀၀ ကျော် စုပေါင်းထည့်ဝင် ကုသိုလ်ပြုကြပြီး ကွန်ကရစ်လမ်းအရှည်ပေ ၃၄၀၀ကို မေတ္တာအလင်းတန်းအဖွဲ့ကနေ ဦးစီးဦးဆောင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။