Trending Now

ျမစ္ဆံုစီမံကိ္န္းကုိ ကန္႔ကြက္ေၾကာင္းျပသရန္ လူငယ္စက္ဘီးစီးသမား ၃ ဦးမိုးညႇင္းၿမိဳ႕မွ ျမစ္ဆုံသုိ႔ စတင္ထြက္ခြာ

Spread the love

ျမစ္ဆံုစီမံကိ္န္းကုိ ကန္႔ကြက္ေၾကာင္းျပသရန္ လူငယ္စက္ဘီးစီးသမား ၃ ဦးမိုးညႇင္းၿမိဳ႕မွ ျမစ္ဆုံသုိ႔ စတင္ထြက္ခြာ
EPN
မိုးညႇင္း-ေဖေဖာ္ဝါရီ ၂၇

ကခ်င္ျပည္နယ္မိုးညႇင္းၿမိဳ႕မွ NATURE BIKER အမည္ရိွ-စက္ဘီးစီးလူငယ္(၃)ဦး သည္ ကခ်င္ျပည္နယ္ျမစ္ဆံုစီမံကိန္း ႏွင့္ပတ္သက္ၿပီး -ကန္႔ကြက္ေၾကာင္းSAVE THE AYAR WADDY -အက်ႌတီရွပ္ႏွင့္၊SAVE THE AYARWADDY-အလံငယ္မ်ားတပ္ဆင္လွ်က္
မိုးညႇင္းၿမိဳ႕မွ ေဖေဖာ္ဝါရီ(၂၇)ရက္ေန႔ နံနက္(၆) နာရီမွစတင္ကာ မိုးညႇင္းၿမိဳ႕မွ ျမစ္ႀကီးနားၿမိဳ႕ရိွ
ျမစ္ဆံုသို႔ စတင္စီးနင္းထြက္ခြာ ခဲ့ေၾကာင္း အဆိုပါ လူငယ္မ်ားထံမွ သိရသည္။
“ျမစ္ဆံုစီမံကိန္းေၾကာင့္ သဘာဝပတ္ဝန္းက်င္ ထိခိုက္ေစႏိုင္မဲ့ အေၾကာင္းအရာတခုျဖစ္တဲ့ ဧရာဝတီ လင္းပိုင္မ်ား မ်ဳိးသုဥ္းပ်က္စီးမွာကိုမလိုလားပါဘူး။ဒါ့ေၾကာင့္ က်ေနာ္အပါအဝင္ ကိုေဇာ္ထက္၊ ကိုေက်ာ္ဇင္ဦးနဲ႔ က်ေနာ္ ဘိုဘိုလွျမင့္တို႔(၃)ဦး ေပါင္းၿပီး မိုးညႇင္းၿမိဳ႕ကေန ျမစ္ဆံုအထိ မိုင္ေပါင္း(၁၂၀)အကြာအေဝးကို စက္ဘီးစီးၿပီး ၿငိမ္းခ်မ္းစြာ ကန္႔ကြက္တယ္ဆိုတာ ေလာက္ကို ကမ္ပိန္းျပဳလုပ္ရျခင္းျဖစ္တယ္။” ဟုဘိုဘိုလွျမင့္က ေျပာသည္။
အဆိုပါ စက္ဘီးစီးသူ(၃)ဦးထဲမွ ကိုေဇာ္ထက္ႏွင့္ ကိုဘိုဘိုလွျမင့္သည္ ပထမအႀကိမ္အျဖစ္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းျခင္းအထိမ္းအမွတ္အျဖစ္ တ႐ုတ္ျပည္ေရႊလီၿမိဳ႕ကေန ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕အထိ မိုင္ေပါင္း(၈၀၀)ေက်ာ္ခရီးကို စက္ဘီးစီးခဲ့ေၾကာင္း မိုးညႇင္းၿမိဳ႕ (MBG)စက္ဘီးစီးအဖြဲ႕မွ ကိုေဝယံထံက သိရရိွၿပီး အဆိုပါလူငယ္(၃)ဦးသည္ ခရီးစဥ္အျဖစ္ ျမစ္ႀကီးနားၿမိဳ႕မွာ ညအိပ္ရပ္နားမွာျဖစ္ၿပီး ေနာက္ တေန႔ နံနက္မွာ ျမစ္ဆံုသို႔ ဆက္လက္ထြက္ခြာ မည္ဟုသိရသည္။
မိုးျမင့္
———————————————-
မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်းပြသရန် လူငယ်စက်ဘီးစီးသမား ၃ ဦးမိုးညှင်းမြို့မှ မြစ်
ဆုံသို့ စတင်ထွက်ခွာ
EPN
မိုးညှင်း-ဖေဖော်ဝါရီ ၂၇
ကချင်ပြည်နယ်မိုးညှင်းမြို့မှ NATURE BIKER အမည်ရှိ-စက်ဘီးစီးလူငယ်(၃)ဦး သည် ကချင်ပြည်နယ်မြစ်ဆုံစီမံကိန်း နှင့်ပတ်သက်ပြီး -ကန့်ကွက်ကြောင်းSAVE THE AYAR WADDY -အကျႌတီရှပ်နှင့်၊SAVE THE AYARWADDY-အလံငယ်များတပ်ဆင်လျှက် မိုးညှင်းမြို့မှ ဖေဖော်ဝါရီ(၂၇)ရက်နေ့ နံနက်(၆) နာရီမှစတင်ကာ မိုးညှင်းမြို့မှ မြစ်ကြီးနားမြို့ရှိ
မြစ်ဆုံသို့ စတင်စီးနင်းထွက်ခွာ ခဲ့ကြောင်း အဆိုပါ လူငယ်များထံမှ သိရသည်။
“မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်မဲ့ အကြောင်းအရာတခုဖြစ်တဲ့ ဧရာဝတီ လင်းပိုင်များ မျိုးသုဉ်းပျက်စီးမှာကိုမလိုလားပါဘူး။ဒါ့ကြောင့် ကျနော်အပါအဝင် ကိုဇော်ထက်၊ ကိုကျော်ဇင်ဦးနဲ့ ကျနော် ဘိုဘိုလှမြင့်တို့(၃)ဦး ပေါင်းပြီး မိုးညှင်းမြို့ကနေ မြစ်ဆုံအထိ မိုင်ပေါင်း(၁၂၀)အကွာအဝေးကို စက်ဘီးစီးပြီး ငြိမ်းချမ်းစွာ ကန့်ကွက်တယ်ဆိုတာ လောက်ကို ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်တယ်။” ဟုဘိုဘိုလှမြင့်က ပြောသည်။
အဆိုပါ စက်ဘီးစီးသူ(၃)ဦးထဲမှ ကိုဇော်ထက်နှင့် ကိုဘိုဘိုလှမြင့်သည် ပထမအကြိမ်အဖြစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအထိမ်းအမှတ်အဖြစ် တရုတ်ပြည်ရွှေလီမြို့ကနေ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ မိုင်ပေါင်း(၈၀၀)ကျော်ခရီးကို စက်ဘီးစီးခဲ့ကြောင်း မိုးညှင်းမြို့ (MBG)စက်ဘီးစီးအဖွဲ့မှ ကိုဝေယံထံက သိရရှိပြီး အဆိုပါလူငယ်(၃)ဦးသည် ခရီးစဉ်အဖြစ် မြစ်ကြီးနားမြို့မှာ ညအိပ်ရပ်နားမှာဖြစ်ပြီး နောက် တနေ့ နံနက်မှာ မြစ်ဆုံသို့ ဆက်လက်ထွက်ခွာ မည်ဟုသိရသည်။
မိုးမြင့်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။