Trending Now

အမျိုးသမီးတွေ လူကုန်ကူးခံရမှုရပ်ဖို့ မြန်မာနဲ့ တရုတ်နိုင်ငံတို့ လုပ်ဆောင်နိုင်မှုမရှီသေးကြောင်း HRW ဆို

Spread the love

အမျိုးသမီးတွေ လူကုန်ကူးခံရမှုရပ်ဖို့ မြန်မာနဲ့ တရုတ်နိုင်ငံတို့ လုပ်ဆောင်နိုင်မှုမရှီသေးကြောင်း HRW ဆို

EPN
နိုင်ငံတကာ၊ မတ် ၂၁

မြန်မာနိုင်ငံမှ ကချင်ပြည်နယ် မှ ဆယ်ကျော်သက်တွေနဲ့ အမျိုးသမီးတွေကို တရုတ်နိုင်ငံဆီ လူကုန်ကူးမှုပြုလုပ်နေတာ ရပ်တန်ဖို့   မြန်မာ နဲ့တရုတ်အစိုးရတာဝန်ရှိသူတွေ လုပ်ဆောင်နိုင်မှုမရှီသေးကြောင်း Human Rights Watch. လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ကချင်ပြည်နယ်မှအမျိုးသမီးတွေ ဟာတရုတ်နိုင်ငံဘက်ဆီ အလုပ်လုပ်ဖို့၊ လူကုန်ကူးခံတဲ့အပြင် တရုတ်အမျိုးသားတွေအတွက် ဇနီးမယားအဖြစ်ရောင်းချခံရတာတွေရှိနေဆဲဖြစ်ကြောင်း၊ လူကုန်ကူးခံရတဲ့အမျိုးသမီးအများစုဟာ တရုတ် မိသားစုတွေ က တံခါးသော့ခတ်ကာအဓမ္မပြုကျင့်တာတွေရှိနေကြောင်း လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကဆိုပါတယ်။
အဲဒီလိုမျိုးပြုကျင့်ခံရတဲ့အမျိုးသမီးတွေ ဟာ သားသမီးတွေကို တရုတ်အမျိုးသားနဲ့ထားခဲ့ပြီးထွက်ပြေးမှုတွေ မကြာခဏဖြစ်နေတယ်လို့သိရပါတယ်။ လူကုန်ကူးမှုမြင့်တက်နေတာကို ကူညီစောင့်ရွက်ပေးဖို့ နဲ့ အိမ်ပြန်လာတဲ့လူကုန်ကူးခံရတဲ့အမျိုးသမီးတွေကို  ပိုမိုကူညီထောက်ပံပေးဖို့ အာဏာပိုင်တွေကို လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကတိုက်တွန်းထားပါတယ်။

လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ဟာ လူကုန်ကူးခံမှုကနေ လွတ်မြောက်လာသူ ၃၇ ဦးနဲ့အင်တာဗျူးခဲ့ပြီးနောက် အခုလိုမျိုးသတင်းထုတ်ပြန်ခဲတ့ာဖြစ်ပြီး အမျိုးသမီးတစ်ဦးကို အမေရိကန်ဒေါ်လာ  ၃၀၀၀ ကနေ ၁၃၀၀၀ ကြားရောင်းစားမှုတွေရှိနေခဲ့ကြောင်း၊ အချို့အမျိုးသမီးတွေ ဟာအသက် ၁၈ နှစ်အောက်အရွယ်နဲ့ လူကုန်ကူးခံရမှုများရှိနေကြောင်း လူအခွင့်ရေး စောင့်ကြည့်ရေးက ဆိုပါတယ်။
——————————————————


EPN





Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။