Trending Now

အမေရိကန်က ယူကရိန်းကိုပိုခဲ့တဲ့ HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်ကို ဝယ်ယူခွင်ရရှိဖို ဘော်လတစ် နိုင်ငံဖြစ်တဲ့ လတ်ဗီးယား ကြိုးစားနေ

Spread the love

အမေရိကန်က ယူကရိန်းကိုပိုခဲ့တဲ့ HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်ကို ဝယ်ယူခွင်ရရှိဖို ဘော်လတစ် နိုင်ငံဖြစ်တဲ့ လတ်ဗီးယား ကြိုးစားနေ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၇

လတ်ဗီးယားနိုင်ငံက အမေရိကန်ထုတ် HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်ကို ဝယ်ယူဖို တောင်းဆိုထား ကြောင်း လတ်ဗီးယားစစ်ဘက်ဆိုင်ရာပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက Defense News သတင်းဌာနကိုပြောပါတယ်။

ပိုလန်နိုင်ငံနဲ့ တခြားနိုင်ငံတွေကလည်း မကြာသေးခင်ကာလက ယူကရိန်းနိုင်ငံကိုတင်ပိုထားတဲ့ အဲဒီအတွဲလိုက် ပစ်ဒုံးကျည်တွေကို ဝယ်ယူဖို ကမ်းလှမ်းထားတယ်လို သိရပါတယ်။

HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာစနစ် ဝယ်ယူခွင့်ရရှိဖိုအတွက် လတ်ဗီးယားကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်အစိုးရထံကို မေတ္တာရပ်ခံစာတစ်စောင်ပေးပိုထားတယ်လို အဲဒီပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။

အဲ ဒီလက်နက်စနစ်ကို ရယူဖိုကြိုးပမ်းရာမှာ ဘော်လတစ်နိုင်ငံအားလုံးက ပူးပေါင်းကြိုးပမ်းကြတာဖြစ်ကြောင်း ၎င်း ကပြောပါတယ်။

ဘော်လတစ်နိုင်ငံတွေဖြစ်တဲ့ အက်စ်တိုးနီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတိုက အဲဒီ HIMARS အတွဲလိုက်ဒုံး ပစ်လောင်ချာစနစ်ကို ဝယ်ယူဖိုတောင်းဆိုခဲ့ပြီးတဲ့နောက်မှာ အခုလို လတ်ဗီးယားနိုင်ငံက အမေရိကန်နိုင်ငံကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“လတ်ဗီးယားနိုင်ငံ၊ အက်စ်တိုးနီးယားနိုင်ငံတိုနဲ့အတူ ကျွန်တော်တိုနိုင်ငံကလည်း HIMARS အတွဲလိုက်ဒုံးပစ် လောင်ချာစနစ်ကိုပိုင်ဆိုင်ခွင့်ရရှိဖို ကြိုးပမ်းနေတာဖြစ်ပါတယ်။” လို လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီး အာဗီဒက်စ်အန်းနာဆက်စကက်က ဇွန်လအတွင်းက ပြောကြားခဲ့ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်က အက်စ်တိုးနီးယားနိုင်ငံအတွက် HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာစနစ် ရောင်းချ ပေးဖို ဇူလိုင်လ ၁၅ ရက်နေ့မှာ ထောက်ခံပေးလိုက်စဉ်အတွင်း ဒီနှစ် တစ်ချိန်ချိန်မှာ အမေရိကန်နဲ့ စာချုပ်ချုပ် ဆိုနိုင်လိမ့်မယ်လို လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီးက မျှော်လင့်ထားကြောင်းပြောပါတယ်။

တစ်ပြိုင်တည်းမှာ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပိုလန်နိုင်ငံကလည်း HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာ စနစ် အမေရိကန်နိုင်ငံက ဝယ်ယူခွင့်ရရှိဖို ကြိုးပမ်းနေကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး မာရီယုဇ်ဘလက် ချော့က ပြောပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ တုံပြန်မှုမရသေးဘူးလို သိရပါတယ်။

Ref: Baltic state seeking to buy US rocket system sent to Ukraine – media

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။