Trending Now

မရမ်းကုန်းတွင် ကားလမ်းဘေးရှိ အုတ်နံရံ၌ အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု ဖြစ်ပွား

Spread the love

မရမ်းကုန်းတွင် ကားလမ်းဘေးရှိ အုတ်နံရံ၌ အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု ဖြစ်ပွား

EPN
ရန်ကုန်၊ ဇန်နဝါရီ ၆ (၂၀၂၄)

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း ကျောက်တိုင်မှတ်တိုင်အနီးရှိ အုတ်နံရံ၌ ယမန်နေ့ ဇန်နဝါရီလ ၅ ရက်၊ ည ၈နာရီအချိန်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမှ သိရသည်။

အထက်ပါ ဖြစ်စဉ်တွင် သေဆုံးသူအမျိုးသားသည် အသက် ၃၀ နှစ်အရွယ်ခန့်ဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ် မရရှိသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး
က ပြောသည်။

“ မနေ့က ဖြစ်သွားတာ။ တွေ့တဲ့ဒေသခံတွေက ဆက်သွယ်လာလို့ သွားရောက် စစ်ဆေးထားတယ်။ အမျိုးသားပါ။ အုတ်နံရံမှာ တွေ့တာပါ။ မိသားစုနဲ့လည်း အဆက်အသွယ် မရသေးပါဘူး ” ဟု ၎င်းကပြောသည်။

အဆိုပါ သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို Happy Rescue အသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် တစ်နှစ်အတွင်း ရန်ကုန်တိုင်းအတွင်း တံတားပေါ်မှ ခုန်ချခြင်း၊ တိုက်ပေါ်မှ ခုန်ချခြင်း၊ ကြိုးဆွဲချ ခြင်း စသည့် ဖြစ်စဉ်များအပါအဝင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ကာ သေဆုံးခဲ့သူ ၅၂ ဦးအထိ ရှိခဲ့ကြောင်း သက်ဆိုင်ရာက သိရသည်။

  1. အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။