Trending Now

ဝူယန်ပြည်သူ့စစ်စခန်းအား KIA၊ PDF အဖွဲ့မှ ၄၀ မမ လက်နက်များဖြင့် ပစ်ခတ်ဟုဆို

Spread the love

ဝူယန်ပြည်သူ့စစ်စခန်းအား KIA၊ PDF အဖွဲ့မှ ၄၀ မမ လက်နက်များဖြင့် ပစ်ခတ်ဟုဆို

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၃ (၂၀၂၃)

ဝိုင်းမော်မြို့နယ်၊ ဝူယန်ပြည်သူ့စစ် စခန်းအား KIA၊ PDF လက်နက်ကိုင်အဖွဲ့မှ ယမန်နေ့ ညနေ ၅နာရီအချိန်ခန့်တွင် ၄၀ မမ လက်နက်များဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် KIA၊ PDF လက်နက်ကိုင် အဖွဲ့မှ ဝူယန် ပြည်သူ့စစ် စခန်းကို ကျေးရွာ ၏ သင်္ဂြိုင်းကုန်းဘက်မှ ၄၀ မမ လက်နက်ဖြင့် ငါးကြိမ်ခန့် ပစ်ခတ်ခဲ့၍ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကျေးရွာနေပြည်သူတစ်ဦးက ပြောသည်။

“ဆိုင်ကယ် ခုနစ်စီးနဲ့ လူဆယ်ယောက် ကျော်လောက်က ဝူယန်ကျေးရွာရဲ့ သင်္ဂြိုင်းကုန်း ဘက်ကို ညနေ ၅ နာရီလောက်မှာ ထွက်သွားကြတယ်။ သိပ်မကြားဘူး ပစ်ခတ်သံတွေ ကြားရတယ်။ နှစ်ဘက် အပြန်အလှန် ပစ်ကြခတ်ကြတယ် ကျေးရွာအတွင်းက ကလေးလူကြီး တွေလည်း ကြောက်နေကြတယ် “ဟု ယင်းက ဆိုသည်။

အဆိုပါ အပြန်အလှန်ပစ်ခတ်မှုကြောင့် ‌ဝူယန်ကျေးအရွာ အတွင်းက ဒေသခံ ပြည်သူများ ထိခိုက်မှု မရှိခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်နေကြောင်း ကျေးရွာနေပြည်သူ တစ်ဦးက ပြောသည်။

“မနေ့က ဖြစ်စဥ်နဲ့တော့ လူတိရိစ္ဆာန် ထိခိုက် ပျက်စီးတာ မကြားမိဘူး။ ဒါပေမယ့် ကျေးရွာနေပြည်သူ တွေကတော့ ပစ်ခတ်သံတွေ ကြားတော့ ကြောက်နေတာတွေ ရှိတာပေါ့။ တချို့လည်း နေရာပြောင်းရွေ့ဖို့ အစီအစဉ် ရှိသူတွေလည်း ရှိနေတယ်” ဟု ဝူယန်ကျေးရွာနေ အသက် ၅၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

ယင်း ပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူများ၏ နေအိမ်၊အဆောက်အဦးများ ထိခိုက် မရှိခဲ့သော်လည်း ဆက်လက်ပြီး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။

ဝိုင်းမော်မြို့နယ်၊ ဝူယန်ပြည်သူ့စစ် စခန်းအား ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း KIA၊ PDF လက်နက်ကိုင် အဖွဲ့မှ အဝေးမှနေ၍ ၄၀ မမ လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။