Trending Now

ဟိုတည်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန နှင့်ဟိုတည်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (ကချင်ဇုန်)တို့ပူးပေါင်း၍ဟိုတည်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်လှစ်

Spread the love

ဟိုတည်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန နှင့်ဟိုတည်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (ကချင်ဇုန်)တို့ပူးပေါင်း၍ဟိုတည်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်လှစ်

EPN
မြစ်ကြီးနား၊ဇွန် ၁၅

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက် ရှမ်းမျိုးနွယ်စု ဓမ္မရုံတွင် ယမန်နေ့က ဟိုတည်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန နှင့်ဟိုတည်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (ကချင်ဇုန်)တို့ပူးပေါင်း၍ဟိုတည်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ဟိုတည်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းအား ဇွန် ၁၃ရက်နေ့မှ ဇူလိုင် ၁၃ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသူသင်တန်းသားများအား ဟိုတည်ဆိုင်ရာအခြေခံဝန်ဆောင်မှုဆိုင်ရာများကို အဓိက ထားသင်ကြားပေးနေကြောင်း Treasure Academic Center မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဟိုတည်ဆိုင်ဝန်ဆောင်မှု အခြေခံသင်တန်းလေးဖွင့်တာပေါ့ ဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုနဲ့ ကျွန်တော်တို့ အသင်းနဲ့ ပူးပေါင်းဖွင့်တာဖြစ်တယ် သင်တန်းကာလကို ၁လသတ်မှတ်ထားတယ် ဒေသက ဟိုတည်ဝန်ထမ်းတွေ အများစုလာရောက်တက်ကြတယ် အဓိက ကဟိုတည်ဝန်‌ထမ်းတွေကို အခြေခံဝန်ဆောင်မှု စွမ်းရည်မြင့်တင်ပေးတာပါ နောက်တစ်ချက်က ဒေသမှာရှိတဲ့ ြပည်သူတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာပါ “ဟု ၎င်းကပြောသည်။

အဆိုပါ သင်တန်းတွင် ဟိုတည်ဆိုင် ရာဝန်ဆောင်မှု (အခြေခံ)သင်တန်းများနှင့်မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ အထောက် အကူပြု အခြေခံဝန်ဆောင်မှု သင်တန်း တို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းတွင် မြစ်ကြီးနားမြို့ပေါ်မှ ဟိုတည်ဝန်ထမ်းအများစုတက်ရောက်လျက်ရှိပြီး သင်တန်းကြေးအား အနည်းဆုံးဝင်ကြေးအဖြင့် တစ်ဦးလျှင် ၃၀၀၀၀ကျပ် သတ်မှတ်ထားကြောင်းနှင့် သင်တန်းသူ၊သင်တန်းသား ၁၂၀ခန့်လာရောက်သင်ကြားနေပြီး သင်တန်းချိန်ကို မနက်နှင့်နေ့လည် နှစ်ကြိမ်ခွဲ၍သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။