Trending Now

ကချင်ပြည်နယ်လူငယ်ပရဟိတအဖွဲ့မှ ကိုရိုနာ ရောဂါကြောင့် အိမ်ထဲနေထိုင်သူများကို စားနပ် ရိက္ခာများ လှူဒါန်း

Spread the love

ကချင်ပြည်နယ်လူငယ်ပရဟိတအဖွဲ့မှ ကိုရိုနာ ရောဂါကြောင့် အိမ်ထဲနေထိုင်သူများကို စားနပ် ရိက္ခာများ လှူဒါန်း

 

EPN
မြစ်ကြီးနား၊ ဧပြီ ၁

ကချင်ပြည်နယ်လူငယ်ပရဟိတအဖွဲ့မှ ကိုရိုနာ ရောဂါသတင်းကြောင့် အပြင်မထွက်ဘဲ မိမိ
အိမ်တွင်း နေထိုင်နေသည့် မိသားစုများအတွက် စားနပ်ရိက္ခာများလှူဒါန်းခြင်းကို ယနေ့ ဧပြီလ ၁ရက် ညနေ ၄နာရီက မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်၌ လှူဒါန်းခဲ့သည်။

” Covid.19ရောဂါကြောင့် Stay Home နေထိုင် နေရတဲ့ အခြေခံဆင်းရဲနွမ်းပါးသောသာမန် အ မှန်တကယ်လိုအပ်‌နေ‌တဲ့ လက်လုပ်လက်စားပြည်သူများနှင့်မိဘမဲ့တွေကိုလူသားချင်းစာနာသောအားဖြင့် ကူညီပေးခြင်းဖြစ်ပါတယ်။” ဟု ကချင်ပြည်နယ်လူငယ်ပရဟိတအဖွဲ့မှ တာဝန်ခံ ကို မျိုးဇော်ဦးက ပြောသည်။

အဆိုပါ လှူဒါန်းရာတွင် အေးစေတီရပ်ကွက်ရှိ
နေအိမ်ထဲနေထိုင်လျက် ရှိနေသည့် အိမ်ထောင် စုများကို အိမ်ထောင်စု ၁စုလျှင် ဆန် ၃ပြည်၊ဆီ၅၀သား၊ ဆား၁ထုပ်၊ ကြက်ဥ ၁၀လုံးငပိဗူးသေး၂ဘူး၊ ကြက်သားမုန့်၃ထုပ်စီဖြင့်
အိမ်ထောင်စု ၃၀စုအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်လူငယ်ပရဟိတအဖွဲ့အနေဖြင့် ကိုရိုနာရောဂါ အန္တရာယ်ကြောင့် အိမ်ထဲနေ ထိုင်သည့် စားဝတ်နေရေးခက်ခဲသူများကို ဆက် လက်လှူဒါန်းခြင်းဆောင်ရွက်သွားမည်ဖြစ်သော ကြောင့် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဖုန်း 09400023222၊ 09777734666 တို့မှ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။