Trending Now

မူးယစ်ဆေးဝါး သုံးစွဲသူများကို ဓမ္မတရားတော်နှင့်အညီ ကူညီဖြတ်ပေးနေသည့် သင်တန်းဖွင့်လှစ်ထား

Spread the love

မူးယစ်ဆေးဝါး သုံးစွဲသူများကို ဓမ္မတရားတော်နှင့်အညီ ကူညီဖြတ်ပေးနေသည့် သင်တန်းဖွင့်လှစ်ထား
EPN
ဝိုင်းမော်၊ ဇူလိုင် ၁၄
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆီလီရပ်ကွက်(၃)တွင် မူးယစ်ဆေးဝါး သုံးစွဲသူများကို ဓမ္မတရားတော်နှင့် အညီ ကောင်းသော ရှမာရိလူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းမှ တာဝန်ယူကာမူးယစ်ဆေးဝါးသုံးစွဲသူများကို လက်ခံကူညီ ဆေးဖြတ်ပေးနေကြောင်း သိရသည်။
အဆိုပါ သင်တန်းကျောင်းအား ၂၀၁၉ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ် အတွင်းက မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်များကို တရားနည်းလမ်း ဓမ္မတရားတော်များနှင့် အညီ ဟောပြောသွန်သင်ပြီး မူးယစ်ဆေးဝါးစွဲသူများကို ဖြတ်ပေးနေကြောင်း သိရသည်။
မူးယစ်ဆေးဝါး သုံးစွဲနေသည့် လူငယ်အများစုမှာ ဘာသာမဲ့ တရားမဲ့ ပျက်ဆီးနေသည့် အတွက် လူငယ်များအတွက် အနာဂတ် လမ်းကြောင်းအမှန်ပေါ် ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်ပြီး ဘုရားတရား နည်းလမ်းလေးတွေ ‌သွန်းသင် ဆုံးမပေးပြီး ဆေးဖြတ်ပေးနေတာဖြစ်ကြောင်း သင်တန်းတာဝန်ခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ပြည်နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ လူငယ်တွေ အများကြီးဘဲလေ ဘာသာမဲ့သလိုလို တရားမဲ့သလိုလို ကူညီမယ့် သူမရှိသလိုလိုနဲ့ ပျက်ဆီးနေကြတာ အဲ့တာကို တစ်ဖက်တစ်လမ်း ကနေ လူငယ်တွေရဲ့ အနာဂတ်ကို ပြန်လည် ဖော်ဆောင်ပေးခြင်တဲ့ စိတ်နဲ့ သင်တန်းဖွင့်ပြီး ဘုရားတရားလေးတွေနဲ့ သွန်သင်ပြီးမှ ဆေးဖြတ်ပေးနေတာ”ဟု ၎င်းကပြောသည်။
မူးယစ်ဆေးဝါးသုံးစွဲနေသည့် လူငယ်များကို အခြားသော ဆေးဝါးအကူများနှင့် ဖြတ်ပေးနေခြင်းမရှိဘဲ ဘုရားတရား‌ သွန်းသင်ဆုံးမမှုနှင့် ခွန်အားပေး ဆုတောင်းခြင်းတို့ အပြင် ယင်းကန်လာသည့် အခါမျိုးတွင် ခွန်အားပေး ဆုတောင်းခြင်း၊ ညောင်းညာနေတဲ့ အကျောများသက်သာမှုရှိစေရန် နှိပ်နှယ်ပေးတာမျိုးတွေ လုပ်ပေးထားကြောင်း ယင်းတာဝန်ခံကထည့်သွင်း ပြောဆိုသည်။
အဆိုပါ သင်တန်းကျောင်းသို့ ကချင်ပြည်နယ် အတွင်းက မူးယစ်ဆေးဝါးသုံးသူ လူငယ်များ အနေဖြင့် အသက် (၃၀) အောက်လူငယ်များ အများဆုံး လာရောက်ဖြတ် နေကြောင်း သိရသည်။
ယင်းသင်တန်းအား တက်ရောက်ဆေးဝါးဖြတ်မည်ဆိုပါက သင်တန်းကာလအဖြင့် (၃)လ တာဖြစ်ပြီး နေစရိတ်၊ စားစရိတ်အတွက် ငွေကျပ် နှစ်သိန်းကျော် ကောက်ခံနေကြောင်း သိရသည်။
ကောင်းသောရှမာရိလူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းဖွင့်လှစ်ခဲ့သည်မှာ လေးနှစ်တာကာလ ပြည့်ခဲ့ပြီဖြစ်ပြီး လေးနှစ်တာကာလ အတွင်း မူးယစ်ဆေးဝါး လာရောက်ဖြတ်သူ (၁၀၀၀)ကျော်ခန့် ရှိခဲ့ပြီး လက်ရှိ အဆိုပါ သင်တန်းကျောင်းတွင် လူဦးရေ တစ်ရာခန့် မူးယစ်ဆေးဝါးဖြတ်ပေးနေကြောင်း သိရသည်။
မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။