Trending Now

ဝိုင်းမော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူ အမျိုးသမီးဖမ်းဆီးခံရ

Spread the love

ဝိုင်းမော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူ အမျိုးသမီးဖမ်းဆီးခံရ

EPN
မြစ်ကြီးနား၊ မတ် ၈

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် သိန်း ၁၄၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများသယ်ဆောင်လာသူ အမျိုးသမီးတစ်ဦးအား ယမန်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဝိုင်းမော်မြို့နယ်၊ (၁၃)ကီလိုမီတာပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယမန်နေ့နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ဝိုင်းမော်မြို့ဘက်မှ နန်မော်ယန်ကျေးရွာဘက်သို့ ဒေါ်ဆွန့်အိန် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရဲတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၄ သိန်း)ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေါ်ဆွန့်အိန်(၄၄)နှစ်အား ဝိုင်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နန့်ခူး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။