Trending Now

ကနီမြို့နယ်က စီးပွားရေးဘဏ်ကို သေနတ်နဲ့လာပစ်သူ ၂ ဦး ၊အသေဖမ်းမိ

Spread the love

ကနီမြို့နယ်က စီးပွားရေးဘဏ်ကို သေနတ်နဲ့လာပစ်သူ ၂ ဦး ၊အသေဖမ်းမိ
EPN
ကနီ ၊ သြဂုတ် ၁၇
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့ပေါ်မှာရှိတဲ့ မြန်မာ့စီးပွားရေး ဘဏ်ကို မနေ့ သြဂုတ် ၁၆ ရက် မနက်
ပိုင်းက သေနတ်နဲ့ လာပစ်တဲ့ လူ ၂ ဦးကို အသေဖမ်းမိတယ်လို့ ကနီမြို့ခံတွေဆီက သိရပါတယ်။
” ဘဏ်ဖွင့်ပြီး မကြာခင် မနက် ၁၀ နာရီလောက်မှာ ဆိုင်ကယ် ၁ စီး လူ ၂ ယောက်က ဘဏ်ကို သေနတ်နဲ့ လာပစ်တာပါ ၊ ဘဏ်လုံခြုံရေး အဖွဲ့က လိုက်ပစ်တော့ အဲ့ဒီ ၂ ယောက် အသေဖမ်းမိတယ် ” လို့ ဘဏ်ဝန်ထမ်း တယောက်က ပြောပါတယ်။
ဒါ့အပြင် ကနီမြို့နယ် လုံခြုံရေး အဖွဲ့ရုံးက ” လက်လုပ်သေနတ် ၁ လက် ၊ ကျည်ဆံ ၂ တောင့် ၊ FZ ဆိုင်ကယ် ၁ စီး PDF အကြမ်းဖက် အလောင်း ၂ လောင်း သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။
ဒိအပြင် အဲ့ဒီ အသေဖမ်းမိတဲ့ ၂ လောင်းနဲ့ ပတ်သက်ပြီး ကနီမြို့မရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။အဲ့ဒီအပြင် ကနီမြို့ပေါ်က ရုံးဌာနတွေကိုတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်ဟာ အခုအကြိမ်ရေဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။