Trending Now

သီပေါမြို့ KBZ ဘဏ် ဓားပြတိုက်ခံရ

Spread the love

သီပေါမြို့ KBZ ဘဏ် ဓားပြတိုက်ခံရ

EPN

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ KBZ ဘဏ် ယနေ့ ညနေ ၃ နာရီအချိန်ခန့် တွင် အမျိုးသားသုံးဦး ရောက်ရှိလာပြီး ဓားပြတိုက်သွားခဲ့ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားသည်။

ညနေသုံးနာရီအချိန်ခန့်တွင် မျက်နာဖုံးစွပ် အမျိုးသားသုံးဦးသည် သီပေါမြို့ရှိ KBZ ဘဏ်အတွင်းသို့ ဝင်ရောက်လာပြီး ဘဏ်အတွင်းရှိ ငွေကျပ်သိန်း ၁၀၀၀ ကျော်အား ဓါပြတိုက်ယူကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်နှင့် ထိခိုက်ဒဏ်ရာရသူ ရှိမရှိကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးကပြောသည်။

လက်ရှိအခင်းဖြစ်ပွားရာ KBZ ဘဏ်အတွင်း ရဲနှင့်စစ်သားများ ရောက်ရှိနေပြီး CCTV များနှင့် အနီးပတ်ဝန်းကျင်ရှိလူများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။