Trending Now

ချီဖွေမြို့နယ် ကျန်းမာရေးဦးစီးဌာနက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်သို့ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်

Spread the love

ချီဖွေမြို့နယ် ကျန်းမာရေးဦးစီးဌာနက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်သို့ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်

EPN
ချီဖွေ၊ မေ ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနက ချီဖွေမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်အား ချီဖွေပြည်သူ့ဆေးရုံအတွက် ကိုဗစ်နိုင်တင်း ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းနှင့် ဆေးဝါးများ ထောက်ပံ့ လှူဒါန်းပေးသည့် အတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို မေလ (၂၄)ရက်နေ့က ချီးမြှင့်ပေးအပ်ခဲ့သည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်က ချီဖွေပြည်သူ့ဆေးရုံ အတွက် ပိုးသတ်ဆေး (၅၀) ဗူး၊ PPEဝတ်စုံ (၁၂၀)စုံ၊ နှာခေါင်းစည်းအထုတ်(၄၀)၊ လက်အိတ် (၁)ထုတ် တို့ကို ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်က ယခုကဲ့သို့ ဆိုသည်။

“ဒီရောဂါက ဘယ်အချိန်မှ အမြှစ်ပြတ်မလဲမသိသေးဘူးလေ၊ ဒီဒေသက ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကိုဗစ်နိုင်တင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုနိုင်အာင် တပ်နိုင်တဲ့ ဘက်ကနေ ထောက်ပံ့ကူညီပေးတာပါ”ဟု ဦးဇခုန်ယိန်းဆောင်က ဆိုသည်။

ထို့အပြင် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယ်ိန်းဆောင်အနေဖြင့် ၎င်း၏ မဲဆန္ဒနယ်အတွင်းရှိ ကျေးရွာ ပေါင်း(၂၀)နီးပါးသို့ ကိုယ်တိုင် ကွင်းဆင်းသွားရောက်ကာ ကျေးလက်ဆေးပေးခန်းများတွင် ဆေးဝါးထောက်ပံ့ခြင်း၊ ကိုဗစ်နိုင်တင်း ကြိုတင်ကာကွယ်ရေးသုံးအသုံးအဆောင် ပစ္စည်းများထောက်ပံ့ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ငွေသားထောက်ပံ့ခြင်းဖြင့် ကိုဗစ်နိုင်တင်းကာလအတွင်း ကူညီဆောင်ပေးနေကြောင်း သိရသည်။

အဓိကအားဖြင့် အစိုးရဌာနဆိုင်ရာနှင့် မြို့ပေါ်အလှူရှင်တွေအနေနှင့် လက်လမ်းမမီသည့် ဝေလံခေါင်သီသည့် နေရာဒေသမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အဆင်ပြေအောင် သွားရောက် ထောက်ပံ့ရခြင်း ဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြောကြားသည်။

ချီဖွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ဦးဇခုန်ယိန်းဆောင် အနေဖြင့် ၎င်း၏ မဲဆန္ဒနယ်မှ မိဘပြည်သူများ၏ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှု‌ရေးကိစ္စများတွင် အစဥ်အမြဲ ကူညီဆောင်ရွက်‌ ပေးနေသည့် ကိုယ်စားလှယ်တစ်ဦး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။