Trending Now

ဖွင့်ထားသည့် ပန်ကာမော်တာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

Spread the love

ဖွင့်ထားသည့် ပန်ကာမော်တာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ မတ် ၃၁

ဖွင့်ထားသည့် ပန်ကာမော်တာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့ နံနက် (၁၁)နာရီခန့် အချိန်ကကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းတွင် အောင်နန်းရိပ်သာရပ်ကွက်ရှိ ဦးသက်ထွန်းအောင် ပိုင်နေအိမ်တွင် ပန်ကာဖွင့်ထားခဲ့ရာမှ ပန်ကာမော်တာအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ အနီးရှိထရံသို့ မီးစတင် ကူးစက်သွားပြီးယင်းမီးကြောင့် ဦးသက်ထွန်းအောင်၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်းခင်း လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှူံးခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှူးရုံးမှ သိရသည်။

ယင်းမီးလောင်မှုကိုပြည်နယ်မီးသတ်ဦးစီးဌာနမှူးရုံးမှ ညွန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင် (၄၀)ဦးနှင့် မီးငြိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၁) စီးမိတ်ဖက်ယာဉ်(၂) စီးတို့ဖြင့် သွားရောက် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင်း အိမ်ရှင် ဦးသက်ထွန်းအောင်ကို၊ (ဘ)ဦးဌေးအောင်ကို အမှတ်(၂)ရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။