Trending Now

ကချင်အထူးဒေသ (၁)၊ လူမှုအထောက်ကူပြုအဖွဲ့မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ဆဒုံးမြို့နှင့် ဆိုင်လော်မြို့မှကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့လှူဒါန်း

Spread the love

ကချင်အထူးဒေသ (၁)၊ လူမှုအထောက်ကူပြုအဖွဲ့မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ဆဒုံးမြို့နှင့် ဆိုင်လော်မြို့မှကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့လှူဒါန်း

EPN
မြစ်ကြီးနား၊ မတ် ၈ (၂၀၂၄)

ကချင်အထူးဒေသ (၁)၊ ဒေသတည်ငြိမ်ဖွံ့ဖြိုး၊ အုပ်ချုပ်ရေးကော်မတီ၊ လူမှုအထောက်ကူပြုအဖွဲ့မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ဆဒုံးမြို့နှင့် ဆိုင်လော်မြို့မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကူညီထောက်ပံ့ငွေများကို ယနေ့ (မတ်လ ၈ ရက်နေ့)၊ နေ့လည် ၁၁ နာရီအချိန်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆဒုံး အ.ထ.က ကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိလာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို လူမှုအထောက်ကူပြုအဖွဲ့မှ တာဝန်ရှိသူများမှ အားဖြည့် ခွန်အားပေးစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေ ၂၇၂၀၀၀၀ ကျပ်ကို ပေးအပ်ကူညီခဲ့ကြောင်း သိရသည်။

ယင်းနောက် ဝိုင်းမော်မြို့၊ အမှတ် (၃) အခြေခံမူလတန်းကျောင်းတွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆိုင်လော် အ.ထ.က ကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိလာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို ခွန်အားပေးစကားနှင့် ထောက်ပံ့ငွေ ကျပ် ၁၂သိန်းကို ထပ်မံ ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ကချင်အထူးဒေသ (၁)၊ ဒေသတည်ငြိမ်ဖွံ့ဖြိုး၊ အုပ်ချုပ်ရေးကော်မတီ၊ လူမှုအထောက်ကူပြုအဖွဲ့များမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် လိုအပ်သည့်စားစရိတ်များ ကူညီထောက်ပံ့ပေးသည့်အတွက် ဝမ်းသာပီတိဖြစ်ရကြောင်း ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကိုယ်စား ဆိုင်လော် အ.ထ.က ကျောင်းအုပ်ဆရာမကြီးမှ ယခုကဲ့သို့ ပြောကြားခဲ့သည်။

” အခုလို ကူညီထောက်ပံ့ပေးတာ အရမ်းဝမ်းသာမိပါတယ်။ ကချင်အထူးဒေသ (၁) လူမှုအထောက်ကူပြု အဖွဲ့က ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ် တုန်းကလည်း အခုလို တက္ကသိုဝင်စာမေးပွဲ ဖြေဆိုကြမယ့် ကလေးတွေကို ကူညီပေးခဲ့ကြလို့ ဝမ်းသာမိတယ်။ အခုနှစ်မှာလည်း လိုအပ်တာတွေကို ဆက်ပြီးကူညီ ပေးကြတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေနဲ ကျွန်မတို့ ဆရာ၊ ဆရာမတွေကလည်း ကျရာတာဝန်ကို အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။ ဒေသအကျိုးအတွက်လည်း အကောင်းဆုံး ကြိုးစားသွားပါ့မယ် ” ဟု ၎င်းက ပြောကြားခဲ့သည်။

ယနေ့ လူမှုအထောက်ကူပြုအဖွဲ့မှ ၂၀၂၃ – ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ဆဒုံးမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁)ဦး၊ ဆိုင်လော်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈)ဦးနှင့် ကြီးကြပ်စောင့်ရှောက်ပေးကြသည့် ဆရာ၊ ဆရာမ စုစုပေါင်း (၂၀)ဦးတို့ကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သံလွင်

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။