Trending Now

မြန်မာနိုင်ငံ တောင်ကိုရီးယားသံရုံး ဝန်ထမ်းတစ်ချို့ ကိုဗစ် -၁၉ ကူးစက် ခံထားရသဖြင့် ဗီဇာလျှောက်ထားမှု ယာယီရပ်နား

Spread the love

မြန်မာနိုင်ငံ တောင်ကိုရီးယားသံရုံး ဝန်ထမ်းတစ်ချို့ ကိုဗစ် -၁၉ ကူးစက် ခံထားရသဖြင့် ဗီဇာလျှောက်ထားမှု ယာယီရပ်နား

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် တည်ရှိသည့် ရန်ကုန်အခြေစိုက် တောင်ကိုရီးယားသံရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ချို့တွင် ကိုဗစ် ၁၉ ရောဂါကူးစက်ခံထားရသဖြင့် ဗီဇာလျှောက်ထားခြင်းလုပ်ငန်းအား ခေတ္တရပ် နားသွားမည်ဖြစ်ကြောင်း သံရုံးကထုတ်ပြန်ထားသည်။

“လက်တလောတွင် ကိုရီးယားသံရုံး၊ ဗီဇာဌာနတာဝန်ခံမှာ ကိုရိုနာ အတည်ပြု ရောဂါ စစ်ဆေးတွေ့ရှိထားသဖြင့် အလုပ်ဆင်းနိုင်သည့် ဝန်ထမ်းအရေအတွက် အား လျှော့ချထားခြင်းကြောင့် ဗီဇာလျှောက်ထားမှုကို လက်ခံဆောင်ရွက်ပေး နိုင်မည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်” ဟု သံရုံး၏ လူမှုကွန်ရက်စာ မျက်နှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံအခြေစိုက် တောင်ကိုရီးယားသံရုံးအား ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစ တင်ကာ ဖေ‌ဖော်ဝါရီ ၁၈ ရက်နေ့အထိ သံရုံး၌ ဗီဇာလျှောက်ထားခြင်းအား ယာ ယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်၌ လျှောက်ထားပြီးသည့် ဗီဇာများအား နေ့စဉ် ညနေ ၄ နာရီမှ ၄ နာရီခွဲအတွင်း ပုံမှန်အတိုင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပါရှိသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။