Trending Now

ထိုင်းနိုင်ငံကို ပြန်ရောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တရားရုံးက ထောင်ဒဏ် ၈ နှစ် ချမှတ်

Spread the love

ထိုင်းနိုင်ငံကို ပြန်ရောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တရားရုံးက ထောင်ဒဏ် ၈ နှစ် ချမှတ်

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၂

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ၁၅ နှစ်ကြာ ပြည်နှင်ဒဏ်ပေးပြီးနောက် ထိုင်းနိုင်ငံကို ပြန်ရောက်လာစဉ်မှာ ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပါတယ်။

အဆိုပါစီရင်ချက်ဟာ အာဏာအလွဲသုံးစားလုပ်မှု၊ လိမ်လည်လှည့်ဖြားမှု၊ နိုင်ငံခြားချေးငွေထုတ်ပေးရန် နိုင်ငံပိုင်ဘဏ်ကို တရားမဝင်အမိန့်ထုတ်ခြင်းတို့နဲ့ သက်ဆိုင်တယ်လို့ တရားရုံးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဒီနေ့ သြဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ချက်ချင်းတရားရုံးချုပ်က ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။

ref; reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။