Trending Now

မြန်အောင်မြို့တွင် အိမ်ရှင်အမျိုးသားမှ အိမ်အကူလာလုပ်ပေးသည့် အမျိုးသမီးငယ်အား အလိုမတူဘဲ သားမယားပြုကျင့်

Spread the love

မြန်အောင်မြို့တွင် အိမ်ရှင်အမျိုးသားမှ အိမ်အကူလာလုပ်ပေးသည့် အမျိုးသမီးငယ်အား အလိုမတူဘဲ သားမယားပြုကျင့်

EPN
မြန်အောင်၊ ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ ညောင်ချဉ်အုပ်စု၊ လူကြီးကုန်းကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးမှ ၎င်း၏ နေအိမ်‌၌ အိမ်အကူလုပ်‌နေသည့် အမျိုးသမီးငယ်ကို အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့ကြောင်း သိရသည်။

၎င်းသည် အဆိုပါ အမျိုးသမီးငယ်ကို ၂၀၂၂ ခုနှစ် မကုန်မီလများအတွင်း အလိုမတူဘဲ သားမယားပြုကျင့်သည်မှာ ၄ ကြိမ်ရှိကြောင်း၊ ပြုကျင့်ခံရသည့် မိန်းကလေးငယ်အား မည်သူကိုမှ ပြန်မပြောရန် ခြိမ်းခြောက်ထားကြောင်း၊ ၎င်း၏ အစ်မဖြစ်သူမှာ ညီမဖြစ်သူ မူမမှန်သည်ကိုသိသောကြောင့် ဆီးစစ်ဆေးရာတွင် ကိုယ်ဝန်ရှိနေကြောင်း သိရသဖြင့် သက်ဆိုင်ရာသို့ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဦးဌေး (ခ) သဌေး အသက် (၅၁)နှစ် ဆိုသူကို အင်ပင်နယ်မြေရဲစခန်းမှ (ပ) ၅/၂၀၂၃ ရာဇသတ်ကြီး ပုဒ်မ၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။