Trending Now

ကမ္ဘာတစ်ဝှမ်းနဲ့ အထူးသဖြင့် အာရှမှာ လေထုညစ်ညမ်းမှုကြောင့် အချိန်မတန်မီ သေဆုံးသူဦးရေမြင့်တက်လာ

Spread the love

ကမ္ဘာတစ်ဝှမ်းနဲ့ အထူးသဖြင့် အာရှမှာ လေထုညစ်ညမ်းမှုကြောင့် အချိန်မတန်မီ သေဆုံးသူဦးရေမြင့်တက်လာ

EPN
နိုင်ငံတကာ၊ မေ ၁၈

ကမ္ဘာတစ်ဝှမ်းနဲ့ အထူးသဖြင့် အာရှမှာ လေထုညစ်ညမ်းမှုကြောင့် အချိန်မတန်မီ သေဆုံးသူဦးရေမြင့်တက်လာတယ်လို့ ယနေ့ ထုတ်ပြန်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာက ဆိုပါတယ်။

အဲ့ဒီအစီအရင်ခံစာအရ လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့် ၂၀၁၉ ခုနှစ်အတွင်းမှာပဲ လူ ၉ သန်းခန့် အချိန်မတန်မီ သေဆုံးခဲ့ရတယ်လို့ Lancet Planetary Health က ဆိုပါတယ်။

ပြင်ပလေကို ရှုရှိုက်ခြင်းကြောင့် သေဆုံးမှုများ တိုးလာခြင်းနဲ့ ခဲဆိပ်သင့်ခြင်းရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သေဆုံးသူအရေအတွက်ကို ပညာရှင်တွေက သတိပေးနှိုးဆော်ထားပါတယ်။

စက်ရုံအလုပ်ရုံတွေက ထွက်တဲ့ စွန့်ပစ်ဓါတ်ငွေ့တွေဟာ လူကိုချက်ချင်းသေစေနိုင်ခြင်းမရှိပေမယ့် ကာလကြာရှည် ရှုရှိုက်လာပါက နှလုံးရောဂါ၊ ကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများနဲ့ အခြားပြင်းထန်တဲ့ ရောဂါတွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

လေထုညစ်ညမ်းမှုကြောင့် သေဆုံးခဲ့ရတဲ့ လူအရေအတွက်ဟာ စစ်ပွဲ၊ အကြမ်းဖက်မှု၊ ငှက်ဖျားရောဂါ၊ HIV၊ တီဘီရောဂါ၊ မူးယစ်ဆေးဝါးနဲ့ အရက်တို့ထက် အဆမတန်ပိုမိုများပြားတယ်လို့ တစ်ကမ္ဘာလုံးဆိုင်ရာ ညစ်ညမ်းမှုနဲ့ ကျန်းမာရေးဆိုင်ရာ Lancet ကော်မရှင်က ပြောပါတယ်။

ဒါ့အပြင် လေထုညစ်ညမ်းမှုဟာ လူ့ကျန်းမာရေးနဲ့ သဘာ၀ ပတ်ဝင်ကျင်ကို ဆိုးရွားစွာထိခိုက်စေတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ခေတ်မီလူ့အဖွဲ့အစည်းရဲ့ တည်တံ့ခိုင်မြဲမှုကို ထိခိုက်စေတယ်လို့ လည်း ဆိုပါတယ်။

ယေဘုယျအားဖြင့် သုံးသပ်ချက်အရ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးခဲ့တဲ့ လူစုစုပေါင်း ၆ ဒသမ ၇ သန်းခန့်ဟာ လေထုညစ်ညမ်းမှု၊ ရာသီဥတုပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေပြီး ပြဿနာနှစ်ခုလုံးရဲ့ အဓိကအရင်းအမြစ်ဟာ ရုပ်ကြွင်းလောင်စာတွေနဲ့ စွန့်ပစ်ဇီဝလောင်စာတွေကြောင့်ဖြစ်ပါတယ်။

ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အာဖရိကတိုက်မှာ အိမ်တွင်းလေထုညစ်ညမ်းမှုနဲ့ သောက်သုံးရေသန့်ရှင်းစွာ သောက်သုံးခြင်းတွေကြောင့် သေဆုံးမှုနှုန်းဟာ လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စက်မှုထွန်းကာလာတဲ့ အရှေ့တောင်အာရှနဲ့ အာရှမှာတော့ လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်နေတဲ့ အစောပိုင်းသေဆုံးမှုတွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကြောင့် ၂၀၁၉ ခုနှစ်မှာ လူပေါင်း ၄ ဒသမ ၅ သန်း၊ ၂၀၁၅ ခုနှစ်မှာ ၄ ဒသမ ၂ သန်း သေဆုံးခဲ့ပြီး အစောပိုင်း ၂၀၀၀ ခုနှစ်မှာတော့ ၂ ဒသမ ၉ သန်းခန့်သာရှိခဲ့တယ်လို့ Lancet Planetary Health က ပြောဆိုထားပါတယ်။

Source – CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။