Trending Now

သီလဝါဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် စက်သုံးဆီ အလုံအလောက်ရှိ စက်သုံးဆီတင်သင်္ဘောများ ပုံမှန်ဝင်ရောက်နေ

Spread the love

သီလဝါဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် စက်သုံးဆီ အလုံအလောက်ရှိ စက်သုံးဆီတင်သင်္ဘောများ ပုံမှန်ဝင်ရောက်နေ

EPN
ရန်ကုန်၊ မတ် ၂ (၂၀၂၄)

ရန်ကုန်တိုင်း သီလဝါဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် စက်သုံးဆီအလုံအလောက်ရှိကာ စက်သုံးဆီတင်သင်္ဘောများလည်း ပုံမှန်ဝင်ရောက်၍ စက်သုံးဆီများကို ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

ပြည်ပမှ မှာယူထားသည့် စက်သုံးဆီများအား စက်သုံးဆီတင်သင်္ဘောများက တင်ဆောင်၍ သီလဝါဆိပ်ကမ်းသို့ အဆက်မပြတ် ဝင်ရောက်ကာ သိုလှောင်ကန်များအတွင်း စက်သုံးဆီများ ချယူဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ စက်သုံးဆီများချပြီးနောက် ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင်များထံ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၉ ရက်က ဆီတင်ကား (၁၁၇၅)စီးဖြင့် 92 Ron ဂါလန် ၁၂ သိန်းကျော်၊ 95 Ron ဂါလန် ၄ သိန်းကျော်၊ ဒီဇယ် ဆီဂါလန် ၉ သိန်းကျော်၊ ပရီမီယမ်ဒီဇယ် ဆီဂါလန် ၁၂ သိန်းကျော်ကို ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် သီလဝါဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင်လည်း စက်သုံးဆီအလုံအလောက်ရှိပြီး နေ့စဉ်ပုံမှန်ဖြန့်ဖြူးနေမှုအတိုင်း ဖြန့်ဖြူးပေးလျက်ရှိ၍ စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ကာ လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်ကြောင်း သိရသည်။

ယနေ့ မတ် ၂ ရက်တွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးအတွက် ထုတ်ပြန်ခဲ့သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ ရန်ကုန်တိုင်း၌ 92 Ron တစ်လီတာလျင် ၂၇၁၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၈၃၅ ကျပ်၊ HSD 500 ppm တစ်လီတာလျင် ၂၄၈၅ ကျပ်၊ HSD 50 ppm တစ်လီတာလျင် ၂၅၂၅ ကျပ်နှင့် HSD 10 ppm တစ်လီတာလျင် ၂၅၃၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။