Trending Now

တာမခံကျေးရွာအနီး တိုက်ပွဲများဖြစ်မည်ဟု သတင်းကြောင့် ဒေသခံ ရာနှင့်ချီ ထွတ်ပြေးတိမ်းရှောင်နေရ

Spread the love

တာမခံကျေးရွာအနီး တိုက်ပွဲများဖြစ်မည်ဟု သတင်းကြောင့် ဒေသခံ ရာနှင့်ချီ ထွတ်ပြေးတိမ်းရှောင်နေရ

EPN
မြစ်ကြီးနား ၊ သြဂုတ် ၁၆

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံ ကျေးရွာအနီး စစ်တပ်နှင့် KIA၊PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားဖွယ် ရှိနေသည်ဆိုသည့် သတင်းများကြောင့် ဒေသခံ ပြည်သူများ ရာနှင့် ချီကာ ဘေးလွတ်ရာ သို့ ထွတ်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ဇူလိုင်လ အတွင်းမှ စတင်ကာ ဆယ်ဇင်းကျေးရွာ နှင့် အနီးတွင် စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိ အွန်လိုင်းပေါ်တွင်လည်း တာမခံကျေးရွာ အနီး တိုက်ပွဲများဖြစ်မည်ဟူသော သတင်းများကြောင်း ဒေသခံ ၃၀၀ ခန့် မှာ ဘေးလွတ်ရာ ဖားကန့် ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင့် ဒေသခံတစ်ဦးကပြောသည်။

” ကျနော်တို့ တာမခံ ဘက်မှာ တိုက်ပွဲတွေ ဖြစ်မယ်ဆိုပြီး သတင်းတွေထွက်နေတာဟုတ်တယ်၊ ကောလ ဟာလ လား တကယ်လားတော့ မပြောတက်ဘူး လွန်ခဲ့တဲ့ ၅ ရက်လောက်က စကြားရတာ၊ တာမခံမှာ နေတဲ့ သူတွေလည်း အချို့က ပြေးကုန်ကြပြီ၊ တစ်စတစ်စ ပြေးနေ့ကြတာ ၂၀၀ ကျော် ၃၀၀ လောက်ရှိနေပြီ တိုက်ပွဲကတော့ အခုရက်ပိုင်းငြိမ်နေတယ်။ ” ဟု ၎င်းကပြောသည်။

၎င်းအပြင် ဟောင်းပါးကျေးရွာနှင့် အနီး အနားရှိ ကျေးရွာများမှ ပြည်သူများပါ အခြားတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် အသိပေး ပြောကြားခြင်းများလည်း ရှိကြောင်း ဟောင်းပါးကျေးရွာနေ ဒေသခံတစ်ဦးကပြောသည်။

” တာမခံ ဘက်မှာလဲ အဲ့လိုသတင်းကြားလို့ ထွတ်ပြေးနေကြတယ်၊ ဟောင်းပါမှာလဲ ရွှေ့ခိုင်းတာတွေ ရှိတယ်၊ ဘေးလွတ်ရာကိုတွေ့ ရွှေ့ပြောင်းနေကြပြီ ” ဟု ၎င်းကပြောသည်။

စစ်တပ်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ တို့ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဆယ်ဇင်းကျေးရွား နှင့် အနီးရှိဒေသခံ ၁၀၀၀ ခန့်မှာ ဘေးလွတ်ရာ တာမခံကျေးရွာဘက်သို့ ပြောင်းရွှေ့နေထိုင်နေကြရသလို ဆယ်ဇင်းကျေးရွာအတွင်း ဘုန်းကြီးကျောင်းများတွင် ပိတ်မိနေသည့် ဒေသခံပြည်သူ ၂၀၀ ခန့်ရှိနေသေးကြောင်း ပြောင်းရွှေ့လာသည့် ဒေသခံများထံမှ သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။