Trending Now

ကနေဒါနိုင်ငံ အနောက်ပိုင်းမှာ ဆယ်ကျော်သက်တစ်ဦးက မိခင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့

Spread the love

ကနေဒါနိုင်ငံ အနောက်ပိုင်းမှာ ဆယ်ကျော်သက်တစ်ဦးက မိခင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့

EPN
နိုင်ငံတကာ၊ မတ် ၁၇

ကနေဒါနိုင်ငံ အနောက်ပိုင်းမှ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦးက မိခင်ဖြစ်သူကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး သူ့ကိုယ်သူ အဆုံးမစီရင်မီ ရဲအရာရှိနှစ်ဦးကိုလည်း ပစ်သတ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အယ်လ်ဘာတာပြည်နယ် အက်ဒ်မွန်တန်မြို့မှာ မတ်လ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ လူသိရှင်ကြားပြောဆိုခွင့် မရှိဘူးလို့ ဆိုပါတယ်။

မတ်လ ၁၆ ရက်နေ့က အိမ်တွင်းအငြင်းပွားမှု ဖုန်းခေါ်ဆိုချက်အရ ရဲအရာရှိတွေ အခင်းဖြစ်ပွားတဲ့ တိုက်ခန်းကို ရောက်ရှိလာချိန်မှာ လူငယ်က ရဲအရာရှိနှစ်ဦးကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

ရဲအရာရှိတွေရဲ့ ကနဦး ခန့်မှန်းချက်အရ သားအမိနှစ်ဦးအဖြစ် သတ်မှတ်ထားပေမယ့် သေနတ်သမားနဲ့ အမျိုးသမီးဟာ ဘယ်လို ပတ်သက်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

သေနတ်နဲ့ ပစ်ခံထားရတဲ့ အမျိုးသမီးဟာ ဆေးရုံကို ပို့ဆောင်ချိန်မှာ စိုးရမ်ရတဲ့ အခြေအနေရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ တည်ငြိမ်တဲ့အခြေအနေ ရောက်ရှိနေပြီလို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ အရာရှိနှစ်ဦးဟာ ဂျော်ဒန်နဲ့ ၊ ဘရက် ရိုင်ရန် လို့ သတ်မှတ်ထားကြပြီး ရဲချုပ်က ဆုံးရှုံးရမှုပေါ် ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့ပါတယ်။

သေနတ်သမားလူငယ်ကိုလည်း အခင်းဖြစ်ပွားတဲ့နေရာမှာ မိမိကိုယ်ကို အဆုံးစီရင်ထားတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေရှိခဲ့ရတယ်လို့ ဆိုပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။